အခုနောက်ပိုင်း အသားကင် (Steak) တွေကို အိမ်မှာ လုပ်စားလာကြပါပြီ။ အပြင်မှာ Beef Steak  တစ်ပွဲကို ၁ သောင်း၊ ၂ သောင်းပေးရပေမယ့် အိမ်မှာ Import Beef ဝယ်ပြီး ကိုယ်တိုင်ချက်ရင်တောင် ၁ သောင်းကျော်လောက်ပဲကျပြီး လူ ၂ ယောက်လောက် ဝဝလင်လင်စားလို့ရပါတယ်။

ဒါပေမယ့် ဒီလို Steak တွေလုပ်ရရမှာ အရေးကြီးတာက အချက်လေးတွေရှိပါတယ်။ အသားကို Rare Meat၊ Medium-Rare Meat၊ Medium Meat နဲ့ Well-Done စားချင်တာလားဆိုတာ ကွဲကွဲပြားပြား သိဖို့ လိုအပ်သလို ဘယ်လို စမ်းသပ်ရမလဲ သိဖို့လည်းလိုအပ်ပါတယ်။

ဒါ့ကြောင့် ဒီအချက်တွေကို အလွယ်တကူ သိနိုင်တဲ့နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

အသားစိမ်း (Raw Meat)

အသားစိမ်း (Raw Meat) ကိုလက်နဲ့စမ်းရင် ဘယ်ဘက်လက်ဖဝါးကို အဖြန့်လိုက်မှာ ညာဘက်လက်ညိုးနဲ့ ဘယ်ဘက်လက်မအောက်ဘက်ကို စမ်းတဲ့အခါမှာ ခံစားရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။

အနည်းငယ်ကျက် (Rare Meat)

အနည်းငယ်ကျက် (Rare Meat) ဆိုရင် ဘယ်ဘက်ရဲ့ လက်မနဲ့ လက်ညိုးကိုထိထားပါ။ ညာဘက်လက်ညိုးနဲ့ ဘယ်ဘက်လက်မအောက်ဘက်ကို စမ်းတဲ့အခါမှာ ခံစားရတဲ့ ခံစားချက်မျိုးရရင် အနည်းငယ်ကျက်တဲ့ (Rare Meat) ကိုရပါပြီ။

အနည်းငယ် အလယ်အလတ်ကျက် (Medium Rare Meat)

အလယ်အလတ်ကျက် (Medium Rare Meat) ဆိုရင် ဘယ်ဘက်လက်မနဲ့ လက်ခလယ်ကို ထိထားပါ။

ညာဘက်လက်ညိုးနဲ့ ဘယ်ဘက်လက်မအောက်ဘက်ကို စမ်းတဲ့အခါမှာ ခံစားရတဲ့ ခံစားချက်မျိုးရရင် အနည်းငယ်လယ်အလတ်ကျက် (Medium Rare Meat) ကိုရပါပြီ။

အလယ်အလတ်ကျက် (Medium Meat)

အလယ်အလတ်ကျက် (Medium Meat) ဆိုရင် ဘယ်ဘက် လက်မနဲ့ လက်သူကြွယ်ကို ထိထားပါ။

ညာဘက်လက်ညိုးနဲ့ ဘယ်ဘက်လက်မအောက်ဘက်ကို စမ်းတဲ့အခါမှာ ခံစားရတဲ့ ခံစားချက်မျိုးရရင် အလယ်အလတ်ကျက် (Medium Meat) ကိုရပါပြီ။

လုံးဝအကျက် (Well Done Meat)

လုံးဝအကျက် (Well Done Meat) ဆိုရင် ဘယ်ဘက်လက်မနဲ့ လက်သန်းနဲ့ ထိထားပါ။

ညာဘက်လက်ညိုးနဲ့ ဘယ်ဘက်လက်မအောက်ဘက်ကို စမ်းတဲ့အခါမှာ ခံစားရတဲ့ ခံစားချက်မျိုးရရင် လုံးဝအကျက် (Well Done Meat) ကိုရပါပြီ။

Featured Image Source: Thrillist