ဆားကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ထောင်၊ ၅ ထောင်လောက်ကပါ။ ဆားကလူတွေရဲ့ နေ့စဉ် ဘဝအတွက် အရမ်းအရေးပါလှပါပြီ။ မီးဖိုချောင်ပစ္စည်းတွေလည်း သန့်ရှင်းစင်ကြယ်အောင် ဆားနဲ့လုပ်ဆောင်လို့ ရပါတယ်။

ဒယ်အိုးထဲက ကြေးညှော်တွေကို သန့်စင်ပေးနိုင်

ဆားခွက်တစ်ခွက်စာကို ယူပြီး အဲ့ဒီ ဒယ်အိုးတွေထဲကို ထည့်လိုက်ပါ။ အဝတ်စုပ်နဲ့ ခုနက ကြေးညှော်တွေကို ပွတ်တိုက်ပြီး လုံးဝ သန့်စင်သွားတဲ့အထိ ပွတ်တိုက်ပါ။ ခါတိုင်းဆေးနေကျအတိုင်းဘဲ ဒယ်အိုးကို ဆေးကြောလိုက်ပါ။

သစ်သား စဉ်းနှီတုံးပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားဖို့

ဆား အနည်းငယ်ကို စဉ်းနှီတုံးပေါ်မှာဖြူးလိုက်ပြီး မျက်နှာပြင်တစ်ခုလုံးကို ပွတ်တိုက်လိုက်ပါ။ သစ်သားကို ဆားတွေ စုပ်ယူအောင် ခဏထားလိုက်ပြီး စဉ်းနှီတုံးကို ရေပိုက်ခေါင်းအောက်ကို ထားပြီး ဆေးလိုက်ပါ။

ဖန်ပုလင်းတွေမှာရှိတဲ့ အရောင်တွေကို ဖယ်ဖို့

ဖန်ပုလင်းတွေ သုံးတာကြာသွားရင် အရောင်တွေ ပြောင်းလာတတ်ပါတယ်။ ဒါဆိုရင် ဆားထည့်ပြီးရေထည့်ကာ ခလောက်ပြီးခဏထားပါ။ ပြီးရင် ဆပ်ပြာနဲ့ ဆေးလိုက်ပါ။

ခွက်တွေမှာ ကပ်နေတဲ့ ကော်ဖီ၊ လက်ဖက်ရည် အစွန်းအထင်းတွေ ဖယ်ရှားဖို့

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကို ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောလိုက်ပြီး သူတို့ကို အစွန်းအထင်းနေတဲ့ ခွက်ထဲထည့်လိုက်ပါ။ နာရီအနည်းငယ်လောက် ထားပြီးနောက် ပုံမှန်အတိုင်းဘဲ ဆပ်ပြာနဲ့ ဆေးလိုက်ပါ။

ခေါင်းအုံးတွေ ဖြူစင်ဖို့

ခေါင်းအုံးအဖြူတွေ ချွေးတွေနဲ့ အဝါရောင်ပြောင်းသွားတတ်ပါတယ်။ ဒါဆိုရင် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကို ဆိုဒါ ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံနဲ့ ရောပြီး ခွက်တစ်ခွက်ထဲကို ရေနွေးပူပူနဲ့ ရောပါ။ ဒီအရည်ထဲကို ခုနက ဝါကျင်ကျင် ခေါင်းအုံးတွေထည့်ပြီး တစ်နာရီလောက် စိမ်ထားလိုက်ပါ။ ပြီးမှ ခါတိုင်းလိုဘဲ ဆပ်ပြာနဲ့ လျှော်လိုက်ပါ။ ဒါဆိုရင် ခေါင်းအုံးတွေ ပြန်လည်ဖြူလာပါလိမ့်မယ်။

Photo Credit: Brightside