ဆားက ဟင်းချက်ရာမှာ မပါမဖြစ် အရာတစ်ခုဖြစ်တဲ့အပြင် တခြားနေရာတွေမှာလည်း အသုံးဝင်ပါတယ်။
လိုက်ကာတွေမှာ မှိုမတက်၊ ဖားဥစွဲတာကို လျော့နည်းစေခြင်း
အထူးသဖြင့် ရေချိုးခန်းသုံး လိုက်ကာတွေက ရေနဲ့ တစ်ချိန်လုံး ထိတွေ့နေတာကြောင့် မှိုတက်၊ ဖားဥဆွဲတာတွေ အလွယ်တကူ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုက်ကာတွေကို စ၀ယ်လာကတည်းက ဆားရည်နဲ့ လျှော်ပြီး မှ အသုံးပြုရင် မှိုတက်တာ၊ ဖားဥစွဲတာတွေကို သက်သာစေပါတယ်။
ခြင်ကိုက်ဒဏ်ရာ
ခြင်ကိုက်လို့ ယားယံတဲ့အခါမှာ ရေအနည်းငယ် နဲ့ ဆားကို ဖျော်ပြီး ခြင်ကိုက်ဒဏ်ရာအပေါ်မှာ လိမ်းပေးပါ။ ဒါဆို ယားတာတွေ၊ ယောင်တာတွေ တဖြည်းဖြည်း လျော့သွားပါလိမ့်မယ်။
ကြေးနီတွေကို ပြန်လည်တောက်ပြောင်စေ
ကြေးနီအသုံးပြုထားတဲ့ မီးဖိုချော်သုံပစ္စည်းတွေကို ရှာလကာရည် နဲ့ ဆား ဒါမှမဟုတ် ဆားနဲ့ သံပုရာသီးနဲ့ ရောပြီး တိုက်ပေးရင် ပြန်လည် တောက်ပြောင်လာပါတယ်။
ဆီပေါက်တာကို လျော့နည်းစေ
ဒယ်အိုးထဲကို ဆီထည့်ပြီး အသား၊ငါးတွေ မထည့်ခင်မှာ ဆီပူထဲကို ဆားအနည်းငယ်ထည့်ပေးရင် ဆီပေါက်တာကို သက်သာစေပါတယ်။
ဖယောင်းစက်တွေ ကျတာ လျော့နည်းဖို့
မီးပျက်တဲ့အခါမှာ ဖယောင်းတိုင်ထွန်းပြီးရင် ဖယောင်းစက်တွေ လိုက်ရှင်းရတာက အလုပ်တစ်လုပ်ပါ။ ဒါကြောင့် ဖယောင်းတိုင်တွေကို ၀ယ်လာပြီးတာနဲ့ ဆားပါဝင်မှုများတဲ့ ဆားဖျော်ရည်ထဲမှာ တစ်ညလောက်နှစ်ထားပါ။ ပြီးမှ အခြောက်ခံပြီး သုံးရင် ဖယောင်းစက်များ ကျတာ လျော့နည်းစေပါတယ်။
ကြက်သွန်နီလှီးပြီး လက်မှာ အနံ့မစွဲစေဖို့
ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ လှီးပြီးလျှင် အနံ့တွေစွဲကျန်ခဲ့တတ်ပါတယ်။ ဒါဆိုရင် လက်ကို ဆေးလိုက်ပါ၊ ပြီးရင် ဆားနဲ့ ပွတ်ပြီး ထပ်ဆေးရင် အနံ့တွေ မစွဲတော့ပါဘူး။