အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ၅၀ % ကနေ ၆၀ % က ရေပါဝင်နေပါတယ်။ ဒါ့ကြောင့် ရေက ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

ရေနွေး သောက်မလား၊ ရေခဲရေသောက်မလား။ ဘယ်ဟာက ပိုကောင်းသလဲ။

ဒီလို ပူနေတဲ့အချိန်မှာဆိုရင် ရေခဲရေအေးအေးလေးတစ်ခွက်သောက်လိုက်ရရင် စိတ်ကို လန်းဆန်းစေတာတော့ အမှန်ပါပဲ။

ဒါပေမယ့် ရေနွေးနွေးလေးက ကျန်းမာရေးအတွက် ပိုပြီး အကျိုးရှိပါတယ်။

အစာခြေစနစ်ကို ထိခိုက်

ရေခဲရေ သောက်တာများရင် သွေးကြောတွေ ကျဉ်းလာပြီး အစာခြေစနစ်ကိုလည်း ထိခိုက်စေပါတယ်။ ဝမ်းဗိုက်နာတာ၊ ဝမ်းချုပ်တာနဲ့ အစာအိမ် နာတာတို့ဖြစ်နိုင်ပါတယ်။

အားအင်တွေ ကုန်ဆုံး

ခန္ဓာကိုယ်က ရေခဲရေ သောက်လိုက်တဲ့အခါမှာ အဲ့ဒီ ရေအေးကို ပူနွေးသွားအောင် စွမ်းအင်တွေသုံးလိုက်ရပါတယ်။ ဒါ့ကြောင့်ပင်ပန်းနေတဲ့အချိန်မှာ ရေအေးမသောက်သင့်ပါဘူး။

နှလုံးခုန်နှုန်းကို နှေးစေ

ရေခဲရေက နှလုံးခုန်နှုန်းကို နှေးစေပါတယ်။

ခန္ဓာကိုယ်ထဲမှာ အကျိအချွဲ (Mucus) တွေဖြစ်လာစေ

ရေခဲရေ သောက်ရင် ခန္ဓာကိုယ်ထဲမှာ အကျိအချွဲ (Mucus) တွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်နိုင်တာကြောင့် နှာရေယို၊ နှာပိတ်တာတွေနဲ့ ဖျားနာတဲ့အထိ ဖြစ်နိုင်ပါတယ်။

Source: BrightSide