Wasabi က အစိမ်းရောင် ခပ်ပျစ်ပျစ်ပုံစံရှိပြီး ဂျပန်အစားအစာ ဆူရှီတို့နဲ့ တွဲဖက်စားသုံးရတာဖြစ်ပါတယ်။ သူ့ချည်းပဲ အနည်းငယ်စားသုံးလိုက်ရင် လည်ချောင်တစ်လျှောက်ပူပြီးဆင်းသွားတာကို ခံစားရမှာပါ။

Wasabi မှာ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယံ၊ Phosphorus ၊ သံဓာတ်နဲ့ တခြား အာဟာရဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

အစားအစာတွေမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်

Wasabi က သဘာဝအရ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက်မှာရှိတဲ့ ဘက်တီးရီးယားကြောင့် ဖျားနာ၊ ရောဂါ ပိုးမွှားဝင်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သွားပျက်စီးတာကို ကာကွယ်ပေး

Wasabi က သွားပျက်စီး၊ သွားပိုးစားတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းပါရှိတာကြောင့် ခန္ဓာကိုယ်ထဲမှာ မှို၊ ဘက်တီးရီးယားတွေ ဝင်ရောက်ကြီးထွားမှုကို ကာကွယ်ပေးပါတယ်။

ကင်ဆာဆဲလ်တွေကို သေစေနိုင်စွမ်းရှိ

Wasabi က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်စွမ်းရှိပါတယ်။ Phytonutrients ဓာတ်ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ အဲ့ဒီအပြင် ဂေါ်ဖီပန်းပွင့်တို့မှာပါဝင်တဲ့ ဆာလဖာ ပါဝင်တဲ့ ကွန်ပေါင်းတွေကလည်း ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။

အူလမ်းကြောင်း ကျန်းမာရေးအတွက် ကောင်းမွန်

Wasabi က အူလမ်းကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်၊ အစာအဆိပ်သင့်တာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။