Detox Drinksတွေဆိုတိုင်း အရသာမရှိဘဲ သောက်ရ မကောင်းတာတွေ မဟုတ်ပါဘူး။ ဖျော်ရည်လိုပဲ အရသာရှိရှိနဲ့ ကိုယ်အလေးချိန်ကျစေမယ့် Detox Drink လေးတွေကို ညွှန်းပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဖရဲသီး ၂ စိတ်

နာနတ်သီး ၂ စိတ်

သံပုရာသီး ၂ စိတ်

ရေ 200 ml

ပြုလုပ်နည်း

ဖရဲသီးကို အခွံခွာပြီး လှီးလိုက်ပါ။ နာနာတ်သီးကို လည်း အခွံခွာပြီး သေးသေးလေးတွေ လှီးပါ။

ဖရဲသီး၊ နာနတ်သီး နဲ့ သံပုရာသီးတို့ကို အရည်သက်သက်၊ အဖက်သက်သက် ထွက်တဲ့ စက်ထဲထည့်ပါ။

ပြီးရင် သေချာမွှေပြီး သောက်လို့ရပါပြီ။

ဒီဖျော်ရည်က အဆီပိုတွေကို ကျစေပြီး ခန္ဓာကိုယ်ကို လှပစေပါတယ်။ အသားတွေနဲ့ တခြား အဆီတက်စေတဲ့ အစားအစာတွေ ခဏခဏ စားသုံးတာများရင် ဒီဖျော်ရည်ကို တစ်ပတ်ကို ၁ ခါလောက်တော့ သောက်သင့်ပါတယ်။