သင်က အသီးအရွက်ကို ပုံမှန်စားတတ်သူလား။ အသားအရေစိုပြေနုပျိုချင်တဲ့ပျိုမေတို့အနေနဲ့ ပြင်ပ Skincare လုပ်နေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်စားတဲ့အစားအစာကိုပါ ဂရုစိုက်ပေးရပါတယ်။ ကိုယ်က အသားတွေပဲ အစားများလို့ မရပါဘူး။ အသီးအရွက်ကိုပါ ပေါင်းစားပေးရပါမယ်။ သင်က အသီးအရွက် သိပ်မကြိုက်သူဆိုရင်တော့ ဒီနည်းတွေနဲ့ ကိုယ့်အစားအသောက်ထဲ အသီးအရွက် ပါဝင်အောင်ကြိုးစားနိုင်ပါတယ်။

၁။ တတ်နိုင်သလောက် အသီးအရွက်တွေပိုထည့်ပေးပါ

သင်က အသုပ်စားတယ်ဆိုရင် အသီးအရွက်ကို လိုတာထက် ပိုထည့်ပေးသင့်ပါတယ်။ ကိုယ်လိုတဲ့ပမာဏထက် ပိုထည့်ပေးသင့်ပါတယ်။

၂။ အသီးအရွက်စွပ်ပြုတ်လုပ်သောက်ပါ

သင်က ကြက်သားကြိုက်တယ်ဆိုရင် ကြက်သားနဲ့ အသီးအရွက်တွေရောပြီးတော့ကြက်သားစွပ်ပြုတ်လုပ်သောက်နိုင်ပါတယ်။

၃။ အသီးအရွက်တွေကို အခဲအနေအထားနဲ့သိုလှောင်ထားပါ

သင်က ပီဇာစားတဲ့အချိန်၊ ကြက်ဥကြော်တဲ့အချိန် သင်ခဲထားတဲ့ အသီးအရွက်တွေကို ထည့်စားပေးသင့်ပါတယ်။

၄။ အသီးအရွက်ပေါ် အချဉ်ရည်စမ်းစားပါ

သင်က Sauce အချဉ်ရည်ကြိုက်တယ်ဆိုရင် အသီးအရွက်တွေကို ဒီအတိုင်းမစားဘဲ အချဉ်နဲ့ တို့စားနိုင်ပါတယ်။

၅။ အသီးအရွက်ပန်းကန်တစ်ခုချထားပေးပါ

သင်ကြိုက်တဲ့အသီးအရွက်တွေကို ပန်းကန်တစ်ပန်းကန်ထဲ ထားပြီး အားတဲ့အချိန်တိုင်း စားနေသင့်ပါတယ်။

၆။ အသီးအရွက်တွေကို ဘာဂါထဲ ညှပ်စားပါ

သင်က ဘာဂါ စားနေကျလူတစ်ယောက်ဆိုရင် သင်စားတဲ့ဘာဂါထဲ အသီးအရွက်တွေပါ ညှပ်ထည့်ပေးသင့်ပါတယ်။

၇။ မှိုစားပေးပါ

သင်က အသီးအရွက်သိပ်မကြိုက်သူဆိုရင် မှိုကို ဘာဂါထဲ ထည့်စားနိုင်ပါတယ်။ ဟင်းထဲထည့်ကြော်နိုင်ပါတယ်။

Photo source: Pinterest