ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအခွံများကို အမှိုက်ပုံးထဲ မစွန်းပစ်ခင်မှာ သေချာပြန်စဉ်းစားဖို့ လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုသစ်သီအခွံများကို အကျိုးရှိရှိ အသုံးချနိုင်လို့ပဲဖြစ်ပါတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်လည်အသုံးချနိုင်မလဲသိချင်ရင်တော့ အခုဖော်ပြပေးမယ့်အကြောင်းအရာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးအတွက်

Source: Onlymyhealth.com

အာလူးအခွံက မျက်အိတ်ဖောင်းခြင်း၊ မျက်ကွင်းညိုခြင်းတို့ကို သက်သာစေတဲ့ အင်ဇိုင်းနဲ့ ဗီတာမင်စီဓာတ်မာျး ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အာလူးအခွံကို မလွှင့်ပစ်ဘဲ ရေခဲသေတ္တာထဲ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။ ပြီးမှ မျက်လုံးနားတစ်ဝိုက်မှာ ကပ်ပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာမှ ရေအေးအေးလေးနဲ့ ဆေးချလိုက်မယ်ဆိုရင် သင့်ရဲ့မျက်ဝန်းလေးက လန်းဆန်းနေမှာ အမှန်ပါပဲ။

သွားများ ဖြူစင်ဝင်းပဖို့အတွက်

ငှက်ပျောသီးခွံ (သို့) လိမ္မော်ခွံများက သွားချေးများကို ဖယ်ရှားပေးနိုင်တဲ့ မဂ္ဂနီစီယမ်ဓာိုက်တတ်၊ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ထိုသစ်သီးခွံများကို ချက်ချင်းမလွှင့်ပစ်ဘဲ သွားပေါ်မှာ ပွတ်တိုက်ပေးမယ်ဆိုရင် သင့်သွားလေးက ဖြူဖွေးဝင်းပလာပါလိမ့်မယ်။

အင်းဆက်ပိုးမွှားများကို ဖယ်ရှားဖို့အတွက်

လိမ္မော်ခွံ (သို့) သံပုယိုခွံက အင်းစက်ပိုးမွှားများကို ဖယ်ရှားပေးနိုင်ပါတယ်။ ထိုသစ်သီးအခွံရဲ့အနံ့က ပိုးမွှားများကို ဝေးဝေးပြေးစေပြီး သင့် အိမ်ပတ်ဝန်းကျင်ကို မွှေးပျံ့နေစေပါတယ်။

ရေချိုးတဲ့အခါ အသုံးပြုနိုင်ခြင်း

လိမ္မော်ခွံနဲ့ Grapefruit အခွံတွေက မွှေးပျံ့တဲ့ရနံ့လေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ ရေချိုးတဲ့အခါ ရေချိုးဇလုံထဲသို့ ထိုအခွံများ ထည့်ပေးခြင်းအားဖြင့် သင်းပျံ့တဲ့ရနံ့ကိ ပိုင်ဆိုင်စေမှာဖြစ်ပြီး အရေပြား ယားယံခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။ ထိုသစ်သီးအခွံအပြင် သံပုယိုခွံ၊ သခွားသီးအခွံများကလည်း လန်းဆန်းတက်ကြွအောင် ကူညီပေးနိုင်ပါတယ်။

မျက်နှာပေါင်းတင်နိုင်ခြင်း

လိမ္မော်ခွံများကို နေရောင်အောက်တွင် ၂ ရက်၊ ၃ ရက်ခန့် အခြောက်ခံလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ လိမ္မော်ခွံကို အမှုန့်များဖြစ်သွားအောင် ကြိတ်လိုက်ပါ။ ထို့နောက် ဒိန်ချဉ်၊ ပျားရည်တို့ဖြင့် သမအောင် ရောမွှေပြီးနောက် မျက်နှာပေါ် သုတ်လိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာမှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးနိုင်ပါတယ်။

Source: Femina.in