ကြာရှည်ခံဆေးတွေဆိုတာ ဓာတုနည်းအရ ထုတ်လုပ်ထားတာဖြစ်ပြီး အစားအသောက်တွေကို ကြာရှည်ခံအောင်လုပ်ဆောင်ဖို့ ထည့်ထားတာပါ။ ကြာရှည်ခံပစ္စည်းတွေမှာ အစားအစာတွေကို မပုပ်မသိုးအောင် လုပ်ဆောင်နိုင်စွမ်းရှိသလို ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးရှိပါတယ်။

ကင်ဆာဖြစ်ပွားနိုင်ချေများ

ကြာရှည်ခံဆေးတွေနဲ့ပတ်သက်ပြီး အဖြစ်အများဆုံးက ကင်ဆာရောဂါဘဲဖြစ်ပါတယ်။ အစားအစာတွေနဲ့ အလှအပ ပစ္စည်းတွေမှာသုံးလေ့ရှိတဲ့ ကြာရှည်ခံပစ္စည်းဖြစ်တဲ့ Propylgallate က ဦးနှောက်မှာ အကြိတ်တွေ၊ သွိုင်းရွိုက်နဲ့ သရက်ရွက် ရောဂါတွေဖြစ်စေနိုင်ပါတယ်။

ကြာရှည်ခံဆေးတစ်မျိုးဖြစ်တဲ့ Nitrosames ကလည်း ကင်ဆာဖြစ်စေတဲ့ ကွန်ပေါင်းတွေကိုဖြစ်စေပါတယ်။ Nitrosames ကို အသားတွေ၊ ဘီယာတွေနဲ့ အဆီထုတ်ထားတဲ့ နွားနို့တွေမှာ တွေ့ရတတ်ပါတယ်။

တက်ကြွမှုလွန်ကဲခြင်း

တက်ကြွမှုလွန် (Hyperactive) ကလေးတချို့မှာ ကြာရှည်ခံ ဓာတုဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်းဖြစ်တတ်ပါတယ်။

၂၀၀၄ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သုတေသနအရ ကြာရှည်ခံ အစားအစာတွေ စားသုံးမှုများတဲ့ အသက် ၃နှစ်ဝန်းကျင်ကလေးတွေမှာ တက်ကြွမှုလွန်နေတဲ့ (Hyperactive) ရောဂါပိုဖြစ်များတာကို တွေ့ရှိခဲ့ရပါတယ်။

နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ခြင်း

ကြာရှည်ခံ ဓာတု ဆေးဝါးတွေအသုံးပြုထားတဲ့ အစားအစာတွေစားသုံးတာများတဲ့ သူတွေမှာ နှလုံးကျန်းမာရေးကို ထိခိုက်လာတာတွေ တွေ့ရှိခဲ့ရပါတယ်။ ကြာရှည်ခံ အစားအစာတွေမှာပါဝင်တဲ့ ဆိုဒီယမ် နိုက်ထရိတ်က သွေးကြောတွေကို ကျဉ်းပြီး မာလာစေပါတယ်။ နိုထရိတ်က ခန္ဓာကိုယ်ရဲ့ သကြား ထုတ်လုပ်မှုကို ထိခိုက်စေပြီးဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။

ကြာရှည်ခံ အစားအစာတွေကို ဘယ်လို ရှောင်ရှားမလဲ

ကြာရှည်ခံအစားအစာတွေကို လုံးဝရှောင်ရှားဖို့ကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် စားသုံးမှုကို လျှော့ချလို့ရပါတယ်။ အသား၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ စားသုံးရင် ကြာရှည်ခံ အစားအစာ စားသုံးမှုနှုန်းကို လျှော့ချပြီးသားဖြစ်သွားပါတယ်။ စူပါမားကတ်တွေ၊ ဈေးတွေမှာ အစားအစာတွေ ဝယ်ယူရင်လည်း အစားအစာထုပ်ပိုးထားတဲ့ အိတ်မှာ ကပ်ထားတဲ့ ပါဝင်ပစ္စည်းစာရင်းတွေထဲမှာ နိုက်ထရိတ် (Nitrates) ၊ Benzoates၊ Propyl Gallates တို့ ပါဝင်မှုရှိမရှိကို ဖတ်ကြည့်သင့်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ကူညီပံ့ပိုးပေးထားပါတယ်။

ခနောကြက်သားမှုန့်

ခနောကြက်သားမှုန့် နဲ့ဆိုရင် မိသားစုရဲ့ ထမင်းဝိုင်းလေးက အနံ့အရသာနဲ့ ပြည့်စုံပြီး အာဟာရရှိတဲ့ ပျော်ရွှင်စရာ မိသားစု ထမင်းဝိုင်းလေး ဖြစ်လာမှာပါ။

ခနောကြက်သားမှုန့်ကို ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုခံထားရတဲ့၊ အရည်အသွေးမြင့် အစားအစာတွေကျွေးမွေးပြီး မွေးမြူထားတဲ့၊ သန့်ရှင်းတဲ့ ကြက်ခြံမွေးမြူထားပြီး၊ ဟော်မှုန်းဆေးဝါးတွေနဲ့ ရောဂါကာကွယ်တဲ့ ဓာတု ဆေးဝါးတွေမသုံးထားတဲ့ ကြက်မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာဖြစ်ပါတယ်။

ကျန်းမာရေးကောင်းပြီး အရွယ်ရောက်ပြီးသား ကြက်တွေ နဲ့သာ ထုတ်လုပ်တာဖြစ်ပါတယ်။

ကြက်သားမှုန့် ထုတ်လုပ်စဉ်၊ အခြောက်ခံစဉ်တွေမှာ သဘာဝနည်းအတိုင်း ပြုလုပ်ထားပြီး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဓာတု ပါဝင်ပစ္စည်းတွေ မသုံးစွဲထားပါဘူး။

ခနောက ကမ္ဘာလုံးဆိုင်ရာ အစားအသောက် လုံခြုံရေး ဦးဆောင်မှု အဖွဲ့ ဖြစ်တဲ့ Global Food Safety Initiative (GFSI)ကနေ အသိအမှတ်ပြုလက်မှတ် FSSC 22000 လက်မှတ်ရထားတဲ့ မြန်မာနိုင်ငံက တစ်ဦးတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ခနောမှာ အစားအသောက်ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု မြင့်မားတဲ့ အဖွဲ့ဖြစ်ပါတယ်။