တလည်းသီးက တုပ်ကွေးနဲ့ နာမကျန်းဖျားနာခြင်းတို့မှ ကာကွယ်ပေးတဲ့ သစ်သီးတစ်မျိုးလို့ တင်စားကြပါတယ်။ သူ့မှာပါဝင်တဲ့ Antioxidants များက ပြင်ပမှ ပိုးမွှားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် တားဆီးပေးပြီး ရောင်ရမ်းမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

ဒီလိုကျန်းမာရေးနဲ့ ညီညွှတ်တဲ့ တလည်းသီးကို တစ်နေ့တစ်လုံး မှန်မှန်စားသုံးခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများကတော့…

သွေးတိုးရောဂါကို သက်သာစေခြင်း

လေ့လာချက်တစ်ခုအရ သွေးတိုးသမားများအနေနဲ့ တစ်နေ့ကို တလည်းသီးဖျော်ရည် ၂၄၀ မီလီလီတာခန့် သောက်သုံးပေးပါက သွေးတိုးရောဂါကို သက်သာစေတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ ထိုတလည်းသီးဖျော်ရည်က တစ်ရာရာခိုင်နှုန်း တလည်းသီးဖျော်ရည်စစ်စစ်ဖြစ်ရမှာဖြစ်ပြီး သကြားလုံးဝ ထည့်လို့မရပါဘူး။

အစာအိမ်ရောဂါကို သက်သာစေခြင်း

တလည်းသီး စားသုံးခြင်း၊ ဖျော်ရည် သောက်သုံးခြင်းက အူလမ်းကြောင်းကို ကျန်းမာစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ ဝမ်းလည်း မှန်စေပါတယ်။

ရာသီတုပ်ကွေးအန္တရာယ်မှ ကာကွယ်ပေးခြင်း

တလည်းသီးရဲ့ အရည်၊ အစေ့နဲ့ အခွံတွေက ခန္ဓာကိုယ်အတွက် ဒိုင်းလွှားသဖွယ် ကာကွယ်ပေးထားပြီး အလွယ်တကူ ဖျားနာခြင်းမှ ကာကွယ်ပေးပါတယ်။

မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးခြင်း

တလည်းသီးက ဦးနှောက်ဆဲလ်များ ကောင်းစွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပြီး မှတ်ဉာဏ်တိုးမြှင့်အောင် ကူညီလုပ်ဆောင်ပေးပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရသူများအဖို့ ရောဂါကို လုံးဝပျောက်ကင်းသွားအောင် ကုသပေးနိုင်တာမျိုးမဟုတ်ပေမယ့် ရောဂါ ပိုကျွမ်းမလာအောင် တားဆီးပေးပါတယ်။

ဆီးချိုရောဂါကို သက်သာစေခြင်း

လေ့လာတွေ့ရှိချက်အရ တလည်းသီးကို တစ်နေ့တစ်လုံး မှန်မှန်စားသုံးခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်လို့ သိရှိရပါတယ်။ ထိုသစ်သီးက ကိုလက်စတောပမာဏကို ထိန်းချုပ်ပေးပြီး ဆီးချိုရောဂါရဲ့နောက်ဆက်တွဲရောဂါဖြစ်တဲ့ နှလုံးရောဂါ ခံစားရခြင်းမှလည်း တားဆီးပေးပါတယ်။

Source: Brightside.me