အများအားဖြင့် ရုပ်ရှင်ကြည့်ရင်း ပေါက်ပေါက်စားကြတယ်လို့ပဲ သိကြတာများပါတယ်။

ဒါပေမယ့် တချို့နိုင်ငံတွေမှာ ပေါက်ပေါက်စားတဲ့အပြင် တခြား အစားအစာတွေလည်း စားကြပါတယ်။

ဂရိ

ဂရိမှာရှိတဲ့သူတွေက သူတို့ ရိုးရာအစားအစာဖြစ်တဲ့ Souvlaki ကို စားကြပါတယ်။ ရုပ်ရှင်ရုံအပေါက်ဝမှာ ရောင်းချတဲ့ ဆိုင်လေးတွေ ရှိပါတယ်။

အစ္စရေး

အစ္စရေး နိုင်ငံမှာတော့ ကြက်သားနဲ့ပဲ ကြော်ထားတဲ့ အစားအစာကို စားကြပါတယ်။ ဒီအစားအစာက နာမည်ကြီး အဆာပြေအစားအစာဖြစ်ပါတယ်။

မက္ကစီကို

Tostilocos အစားအစာတွေကို ရုပ်ရှင်ကြည့်ရင်းစားကြပါတယ်။ လမ်းဘေးအစားအစာတစ်မျိုးဖြစ်ပြီး ငရုတ်ဆီ၊ သခွားသီး၊ သံပုရာသီး၊ ပဲ၊ မြေပဲ စသည်တို့နဲ့လုပ်ထားတာဖြစ်ပါတယ်။

ဖင်လန်

ဖင်လန်မှာဆိုရင် သကြားလုံး လိုမျိုး အချိုတွေစားကြပါတယ်။

တရုတ်

တရုတ်မှာတော့ ဆားငံသီးလေး စားရင်း ရုပ်ရှင်ကြည့်တတ်ကြပါတယ်။ တခါတလေကျရင်လည်း နေကြာစေ့တို့ဘာတို့ စားရင်းလည်း ကြည့်တတ်ကြပါတယ်။

ကိုလံဘီယာ

ကိုလံဘီယာမှာဆိုရင်တော့ ပုရွက်ဆိတ်ကင်တွေ စားသုံးကြပါတယ်။ ပုရွက်ဆိတ်ကင်က တခြားနိုင်ငံတွေမှာတော့ မစားကြပေမယ့် ကိုလံဘီယာမှာတော့ ရုပ်ရှင်ကြည့်ရင်းနဲ့ စားတတ်ကြပါတယ်။ ပုရွက်ဆိတ်ကင်က အရသာရှိလွန်းလို့ ဝက်ပေါင်ခြောက်လို့ပဲလို့လည်း ဆိုကြပါတယ်။

ဂျပန်

ဂျပန်နိုင်ငံမှာဆိုရင် ရုပ်ရှင်ကြည့်ရင် ဆာဒင်းငါးခြောက်လေးတွေ သို့မဟုတ် ငါးအသေးလေးတွေ စားကြပါတယ်။