အရောင်အသွေးများသည် မိမိတို့၏ကမ္ဘာလောကကို မရေမတွက်နိုင်သည့် ပျော်ရွှင်စရာများဖြင့် ဖုံးလွှမ်းပေးနိုင်ပါတယ်။ အနီးအနားပတ်ဝန်းကျင်ရှိ အရောင်ကာလာများမှနေတဆင့် ပျော်ရွှင်ဖွယ်ရာများသာမက ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များကိုပါ ရရှိနိုင်သောကြောင့် မည်သည့်အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အရောင်များက မည်သို့သောကောင်းကျိုးများပေးစွမ်းနိုင်သလဲ သိရစေဖို့ ဝေမျှပေးလိုက်ရပါတယ်။

အဝါနှင့်လိမ္မော်ရောင်

အဝါရောင်နှင့်လိမ္မော်ရောင်ရှိအသီးအနှံများ၊ ဟင်းသီးဟင်းရွက်များသည် ကောင်းမွန်သောအမြင်အာရုံ၊ အားကောင်းသည့်ကိုယ်ခံအားစနစ်၊ နှလုံးကျန်းမာရေး၊ ကင်ဆာဟန့်တားနိုင်စွမ်းအပြည့်ပါဝင်ပါတယ်။

ခရမ်းရောင်၊ အနီရောင်နှင့် အပြာရောင်

ထိုအရောင်သုံးရောင်ရှိသည့် အစားအစာများကိုစားသောက်ခြင်းသည် ကိုယ်ခန္ဓာအတွင်း ရေဒီယိုသတ္တိလှိုင်းများဖြစ်ပေါ်မှုမှ ကာကွယ်ပေးပြီး လေဖြတ်ခြင်း၊ ကင်ဆာဖြစ်ပွားခြင်း၊ နှလုံးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းမှုပြဿနာများ စသည်တို့ဖြစ်ပွားခြင်းမှ ဟန့်တားပေးနိုင်ပါတယ်။

အစိမ်းရောင်

အစိမ်းရောင်ရှိအစားအသောက်များသည် မျက်လုံးအားကောင်းမွန်စေကာ ကင်ဆာရောဂါကိုဖြစ်ပေါ်စေသည့်နှုန်းထားကို လျော့နည်းစေနိုင်ပါတယ်။ ထို့အပြင် ဗီတာမင်ကေ၊ အေ၊ စီ နှင့် ဖော့လစ်တို့လည်း အပြည့်အဝပါဝင်ပါသေးတယ်။