[Unicode]

ကြက်သွန်ဖြူက ဆေးဖက်အရမ်းဝင်ပြီး ဈေးလည်းသက်သာတာကြောင့်  နေ့စဉ် စားသုံးပေးသင့်ပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

ကြက်သွန်ဖြူက ဗားရက်စ်တွေ၊ အအေးဒဏ်တွေကနေ ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

ဆောင်းတွင်း အအေး ပိုချိန်မှာဆိုရင် ကြက်သွန်ဖြူ ပိုစားပေးရင် ဖျားနာခြင်းကို လျော့ချပေးပါတယ်။

ကြက်သွန်ဖြူမှာ ဗီတာမင်ဓာတ်၊ အမိုင်နို အက်ဆစ်နဲ့တခြား အကျိုးရှိတဲ့ အဆီဓာတ်တွေပါဝင်နေပါတယ်။

အဲ့ဒီအပြင် Allicin ဓာတ်လည်းပါဝင်ပြီး ဘက်တီရီးယား နဲ့ မှို တွေကို ဖယ်ရှားပေးပါတယ်။

သွေးတိုးကို ထိန်းညှိပေး

သွေးတိုးရှိနေရင် ကိုယ်စားတဲ့အစားအစာတွေမှာ ကြက်သွန်ဖြူကို ထည့်စားပေးပါ။ သွေးလမ်းကြောင်းတွေကို ကျယ်စေပြီး၊ သွေးတိုးကို ကျစေပါတယ်။

သွေးတိုးနေချိန် ခေါင်းကိုက်၊ ခေါင်းအုံတာကိုလည်း သက်သာစေပါတယ်။

သွေးတိုးကျဖို့ဆိုရင် တစ်နေ့ကို ကြက်သွန်ဖြူ ၄ ဥလောက် ပုံမှန် စားပေးပါ။ အဲ့ဒီအပြင် ကြက်သွန်ဖြူက သွေးထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။

မှတ်ဉာဏ်တွေ ပိုကောင်းလာ

လူသားတွေမှာ အစာနဲ့ အောက်စီဂျင်ဓာတ်ကို သုံးစွဲပြီး အားအင်ကို ပြန်လည်ထုတ်ယူတဲ့ Chemical Oxidation ဖြစ်စဉ်ရှိပါတယ်။ ဒီဖြစ်စဉ်က ကြာလာရင် ဆဲလ်တွေကို ပျက်စီးစေတတ်ပြီး အသားအရေက လျော့ရဲကာ ဦးနှောက်ကလည်း အသက်ငယ်တုန်းကလောက် မထက်မြတ်တော့ပါဘူး။

ဒါ့ကြောင့် Antioxidants တွေ သောက်ပြီး ဆဲလ်တွေ ပြန်သန်စွမ်းအောင် နုပျိုအောင် လုပ်ဆောင်ရပါတယ်။

ဆေးဝါး ကုမ္ပဏီတွေက Antioxidants ဖြည့်စွက်ဆေးဝါးတွေ ထုတ်လုပ်ပြီး ဝင်ငွေတွေအများကြီး ရနေတာပါ။

ဒီလို ဈေးကြီးတဲ့ ဆေးဝါးတွေ သောက်မယ့်အစား ကြက်သွန်ဖြူ နေ့စဉ်စားသုံးပေးရင်လည်း Antioxidants ဓာတ်တွေရပါတယ်။

ကြက်သွန်ဖြူမှာပါဝင်တဲ့ ဓာတ်တွေက ဦးနှောက်ကို အသက်အရွယ်ကြီးမြင့်မှုကြောင့် ပျက်စီးတာကို ကာကွယ်ပေးပြီး ကုန်ကျစရိတ်လည်း မများပါဘူး။ အသက်ကြီးတဲ့ လူကြီးတွေ အယ်ဇိုင်းမားရောဂါ မဖြစ်အာင်၊ အသက်ငယ်တဲ့သူတွေလည်း ဦးနှောက်ထက်မြတ်အောင် နေ့စဉ် ကြက်သွန်ဖြူ ကို စားပေးသင့်ပါတယ်။

Photos Credit: Brightside

[Zawgyi]

ၾကက္သြန္ျဖဴက ေဆးဖက္အရမ္းဝင္ၿပီး ေစ်းလည္းသက္သာတာေၾကာင့္  ေန႔စဥ္ စားသံုးေပးသင့္ပါတယ္။

ကိုယ္ခံအားကို ျမွင့္တင္ေပး

ၾကက္သြန္ျဖဴက ဗားရက္စ္ေတြ၊ အေအးဒဏ္ေတြကေန ကာကြယ္ေပးၿပီး ကိုယ္ခံအားကို ျမွင့္တင္ေပးပါတယ္။

ေဆာင္းတြင္း အေအး ပိုခ်ိန္မွာဆိုရင္ ၾကက္သြန္ျဖဴ ပိုစားေပးရင္ ဖ်ားနာျခင္းကို ေလ်ာ့ခ်ေပးပါတယ္။

ၾကက္သြန္ျဖဴမွာ ဗီတာမင္ဓာတ္၊ အမိုင္ႏို အက္ဆစ္နဲ႔တျခား အက်ိဳးရွိတဲ့ အဆီဓာတ္ေတြပါဝင္ေနပါတယ္။

အဲ့ဒီအျပင္ Allicin ဓာတ္လည္းပါဝင္ၿပီး ဘက္တီရီးယား နဲ႔ မိႈ ေတြကို ဖယ္ရွားေပးပါတယ္။

ေသြးတိုးကို ထိန္းညွိေပး

ေသြးတိုးရွိေနရင္ ကိုယ္စားတဲ့အစားအစာေတြမွာ ၾကက္သြန္ျဖဴကို ထည့္စားေပးပါ။ ေသြးလမ္းေၾကာင္းေတြကို က်ယ္ေစၿပီး၊ ေသြးတိုးကို က်ေစပါတယ္။

ေသြးတိုးေနခ်ိန္ ေခါင္းကိုက္၊ ေခါင္းအံုတာကိုလည္း သက္သာေစပါတယ္။

ေသြးတိုးက်ဖို႔ဆိုရင္ တစ္ေန႔ကို ၾကက္သြန္ျဖဴ ၄ ဥေလာက္ ပံုမွန္ စားေပးပါ။ အဲ့ဒီအျပင္ ၾကက္သြန္ျဖဴက ေသြးထဲက မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြကို ေလ်ာ့ခ်ေပးပါတယ္။

မွတ္ဥာဏ္ေတြ ပိုေကာင္းလာ

လူသားေတြမွာ အစာနဲ႔ ေအာက္စီဂ်င္ဓာတ္ကို သံုးစြဲၿပီး အားအင္ကို ျပန္လည္ထုတ္ယူတဲ့ Chemical Oxidation ျဖစ္စဥ္ရွိပါတယ္။ ဒီျဖစ္စဥ္က ၾကာလာရင္ ဆဲလ္ေတြကို ပ်က္စီးေစတတ္ၿပီး အသားအေရက ေလ်ာ့ရဲကာ ဦးေႏွာက္ကလည္း အသက္ငယ္တုန္းကေလာက္ မထက္ျမတ္ေတာ့ပါဘူး။

ဒါ့ေၾကာင့္ Antioxidants ေတြ ေသာက္ၿပီး ဆဲလ္ေတြ ျပန္သန္စြမ္းေအာင္ ႏုပ်ိဳေအာင္ လုပ္ေဆာင္ရပါတယ္။

ေဆးဝါး ကုမၸဏီေတြက Antioxidants ျဖည့္စြက္ေဆးဝါးေတြ ထုတ္လုပ္ၿပီး ဝင္ေငြေတြအမ်ားႀကီး ရေနတာပါ။

ဒီလို ေစ်းႀကီးတဲ့ ေဆးဝါးေတြ ေသာက္မယ့္အစား ၾကက္သြန္ျဖဴ ေန႔စဥ္စားသံုးေပးရင္လည္း Antioxidants ဓာတ္ေတြရပါတယ္။

ၾကက္သြန္ျဖဴမွာပါဝင္တဲ့ ဓာတ္ေတြက ဦးေႏွာက္ကို အသက္အရြယ္ႀကီးျမင့္မႈေၾကာင့္ ပ်က္စီးတာကို ကာကြယ္ေပးၿပီး ကုန္က်စရိတ္လည္း မမ်ားပါဘူး။ အသက္ႀကီးတဲ့ လူႀကီးေတြ အယ္ဇိုင္းမားေရာဂါ မျဖစ္အာင္၊ အသက္ငယ္တဲ့သူေတြလည္း ဦးေႏွာက္ထက္ျမတ္ေအာင္ ေန႔စဥ္ ၾကက္သြန္ျဖဴ ကို စားေပးသင့္ပါတယ္။

Photos Credit: Brightside