ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်တိုင်းမှာ မဖြစ်မနေထည့်ချက်ရတဲ့အစားအစာတစ်ခုကတော့ ကြက်သွန်နီပဲဖြစ်ပါတယ်။ အသုပ်တွေ သုပ်စားတဲ့အခါ ကြက်သွန်နီကို အစိမ်းထည့်လေ့ရှိပြီး ကြက်သွန်နဲ့ ဆီသတ်တဲ့အခါမှာတော့ ကြက်သွန်ကို ကြော်တဲ့ပုံစံဖြစ်သွားပါတယ်။

တကယ်လို့ ကြက်သွန်နီကို ချက်ပြုတ်မစားဘဲ အစိမ်းလိုက်စားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာကို သင်သိပြီးပါပြီလား။

နှလုံးအားကောင်းစေခြင်း

ကြက်သွန်နီထဲမှာ ဗီတာမင်စီဓာတ်၊ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်ဓာတ်၊ ကယ်လ်စီယမ်နှင့် သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ နှလုံးကျန်းမာရေးနဲ့ ပတ်သက်လာရင် ကြက်သွန်နီထဲမှာပါဝင်တဲ့ Quercetin ဓာတ်က သွေးပေါင်ချိန် ညီညွှတ်မျှတစေတဲ့အပြင် သွေးကြောလေးများ ကျုံ့နိုင်၊ ဆန့်နိုင်ဖို့အတွက်နှင့် နူးညံ့ပျော့ပျောင်းပေးဖို့အတွက် ဆောင်ရွက်ပေးနိုငပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ချပေးခြင်း

ကြက်သွန်နီကို မှန်မှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး များများစားပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။ လေ့လာချက်တစ်ခုအရ ကြက်သွန်နီကို နနွင်းမှုန့်နဲ့ ရောစားမယ်ဆိုရင်တော့ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးခြင်း

Source: Weheartit.com

ဘယ်အစားအစာပဲစားစား ကြက်သွန်နီနဲ့ တွဲဖက်စားသုံးပေးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးတယ်လို့ သိရှိရပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ကြက်သွန်နီထဲမှာပါဝင်တဲ့ ကြက်သွန်ရည်က အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားများ ပြန့်ပွားခြင်းကို တားဆီးပေးလို့ပဲဖြစ်ပါတယ်။

ကောင်းစွာ အိပ်စက်အနားယူနိုင်ခြင်းနှင့် စိတ်လက် ပျော်ရွှင်စေခြင်း

ညဘက် အိပ်စက်တိုင်းမှာ အတွေးပေါင်းစုံက နှိပ်စက်ပြီး တော်တော်နဲ့ အိပ်မပျော်ဖြစ်နေပါသလား။ ကြက်သွန်နီကိုသာ နေ့စဉ်မှီဝဲစားသုံးပေးလိုက်ပါ။ ညဘက် အိပ်တဲ့အခါ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ တပြိုင်နက် နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ပါပြီ။

ဒါ့အပြင် ကြက်သွန်နီစားသုံးခြင်းက စိတ်ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ပေးပြီး ကိုယ်ရော စိတ်ပါကျန်းမာရွှင်လန်းစေတဲ့ သဘာဝက ပေးအပ်ထားသော အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

Source: Foodprevent.com