ဂျင်းကို အာရှနိုင်ငံများတွင် အဓိက စိုက်ပျိုးပြီး ဂျင်းအမြစ် တစ်တုံးကို ရိတ်သိမ်းနိုင်ဖို့ရန်အတွက် ၁၀ လကြာမြင့်သော်လည်း ပြတ်လတ်သွားခြင်းမရှိဘဲ တစ်နှစ်ပတ်လုံး ဝယ်ယူရရှိနိုင်တဲ့ ဆေးဖက်ဝင်အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ကျွမ်းကျင်ပညာရှင်များကလည်း ဂျင်းကို နေ့စဉ်မှန်မှန် စားသုံးရန်လိုအပ်ကြောင်း အကြံပေးထားပါတယ်။ အထူးသဖြင့် ရေနွေးပူပူနဲ့ ဖျောက်သောက်မယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးပိုဖြစ်စေပါတယ်။

ဒါဆိုရင် ဂျင်းပြုတ်ရည် နေ့စဉ်မှန်မှန်သောက်သုံးပါက ခန္ဓာကိုယ်က ဘာတွေ ပြောင်းလဲသွားမလဲ ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာကို စာဖတ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။

နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ဂျင်းက မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးပြီး ကောင်းသော ကိုလက်စတောများကို တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးတဲ့အတွက်ကြောင့် နှလုံးရောဂါ မခံစားရအောင် ကာကွယ်ပေးတယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း

Source: Express.co.uk

လေ့လာချက်များအရ ဂျင်းအမြစ်ရဲ့ ပူစပ်ပူစပ်အရသာက ဆာလောင်မှုကို လျော့ချပေးပြီး အချိန်ကြာကြာဗိုက်ပြည့်အောင် ကူညီပေးတယ်လို့ သိရှိရပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဆီးချိုသမားများအတွက် သတင်းကောင်းလေးတစ်ခုကတော့ ဂျင်းပြုတ်ရည်ကို ရက်သတ္တပတ် ၁၂ ပတ်တိတိ သောက်သုံးပေးမယ်ဆိုရင် ဆီးချိုရောဂါကို သက်သာစေတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ဒူးနာခြင်းကို သက်သာစေခြင်း

အဆစ်မြစ် ရောင်ရမ်းကိုက်ခဲတတ်သူများ၊ ဒူးနာတတ်သူများအနေနဲ့ ဂျင်းပြုတ်ရည်ကို နေ့စဉ်မှန်မှန် မှီဝဲသောက်သုံးပေးပါက ၆ လကြာတဲ့အခါ ဒူးနာခြင်းဝေဒနာ သက်သာပျောက်ကင်းသွားတာကို မြင်တွေ့ရပါလိမ့်မယ်။

ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

နေ့တိုင်းနီးပါး ဂျင်း ၁ လကြာတဲ့အခါ ခံစားရမယ့် အကျိုးများ

ဂျင်းပြုတ်ရည်က အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ စတဲ့ ကင်ဆာရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးတဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ထားတယ်လို့ ခိုင်ခိုင်မာမာ သက်သေပြထားတာကို မြင်တွေ့နိုင်ပါတယ်။

ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးခြင်း

Source: Medicalnewstoday.com

သင်က မကြာခဏ ဖျားနာတတ်တယ် ချူချာတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဂျင်းပြုတ်ရည်ကို နေ့စဉ်မှန်မှန် သောက်သုံးသင့်ပါတယ်။ ထိုကဲ့သို့ ပုံမှန်သောက်သုံးပြီး ၂၁ ရက်ကြာတဲ့နောက်မှာတော့ သင့်ရဲ့ကိုယ်ခံစွမ်းအားက သိသိသာသာ မြင့်မားလာတာကို ခံစားသိရှိနိုင်ပါတယ်။

Source: Brightside.me