နို့ထွက်ပစ္စည်းများ စားသုံးခြင်းရဲ့အဓိကအကျိုးကျေးဇူးများကတော့ အရိုးအဆစ်များ သန်မာစေပြီး သွားများကို ကျန်းမာကြံ့ခိုင်စေခြင်းတို့ပဲဖြစ်ပါတယ်။ ကလေးသူငယ်များ ကြီးထွားဖွံ့ဖြိုးဖို့အတွက် နို့နဲ့ နို့ထွက်ပစ္စည်းများကို မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ လူကြီးများအတွက်ကတော့ ကျန်းမာသန်စွမ်းဖို့အတွက် နို့ထွက်ပစ္စည်းများကို မှီဝဲစရာမလိုပါဘူး။ နို့ထွက်ပစ္စည်းများအစား ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို အစားထိုးစားသုံးပေးရုံနဲ့တင် လုံလောက်ပါတယ်။

တကယ်လို့ စာဖတ်သူအနေနဲ့ နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို ရပ်တန့်လိုက်မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲဆိုတာကို သုတေသနပြုချက်များပေါ် အခြေခံထားတဲ့အကြောင်းအရာများကို ဝေမျှပေးချင်ပါတယ်။

ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားမှုနှုန်း ရပ်တန့်သွားခြင်း

Source: Powerofpositivity.com

သင့်အနေနဲ့ စိတ်ဖိစီးမှုလည်း မရှိဘူး။ အိပ်ရေးဝဝလည်း အိပ်ထားတယ်။ ကော်ဖီသောက်သုံးမှုကိုလည်း လျော့ချထားရဲ့သားနဲ့ ခေါင်းကိုက်နေတယ်ဆိုရင်တော့ နို့ထွက်ပစ္စည်းများက သင့်ရဲ့ခေါင်းကိုက်ဝေဒနာရဲ့တရားခံပါပဲ။

နို့ထွက်ပစ္စည်းများ စားသုံးမှုကို ရပ်တန့်လိုက်တာနဲ့ တပြိုင်နက် ခေါင်းကိုက်ဝေဒနာလည်း သက်သာသွားပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာအရ တည်ငြိမ်သွားခြင်း

Source: Fao.org

နို့ထွက်ပစ္စည်းများက ဟော်မုန့်များကို မကြာခဏ ပြောင်းလဲစေပါတယ်။ သင့်အနေနဲ့ စိတ်အပြောင်းအလဲ မကြာခဏဖြစ်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ နို့ထွက်ပစ္စည်းများ စားသုံးမှုကို ရပ်တန့်သင့်ပါတယ်။

သင့်အသားအရေ ပိုမိုကြည်လင်လာမယ်

စောစောက ဖော်ပြခဲ့သလိုပဲ နို့ထွက်ပစ္စည်းတွေက ဟော်မုန်းများကို မကြာခဏပြောင်းလဲစေတာကြောင့် ဝက်ခြံနဲ့ အမဲစက်များ ဖြစ်ပေါ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အစားအသောက်စနစ်ကို တဖန်ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။

အချို့သော အာဟာရဓာတ်များ ဆုံးရှုံးသွားတတ်ခြင်း

နို့နဲ့ နို့ထွက်ပစ္စည်းများက ကယ်လ်စီယမ်ဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင် ဒီနဲ့ B12 တို့ ကြွယ်ဝတဲ့အတွက်ကြောင့် အာဟာရဓာတ် လုံလောက်စွာပါဝင်သော အခြားအစားအစာများနဲ့ အစားမထိုးဘူးဆိုရင်တော့ သင့်အနေနဲ့ အာဟာရဓာတ်များ ချို့တဲ့သွားမှာဖြစ်ပြီး မကြာခဏ ဖျားနာလာပါလိမ့်မယ်။

ဒါ့ကြောင့် နို့ထွက်ပစ္စည်းများ မစားသုံးခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးများကို ခံစားချင်တယ်ဆိုရင် အခြားအစားအစာများနဲ့ အစားထိုးဖို့ အကြံပေးလိုက်ပါရစေ။

Source: Brightside.me