ရှားစောင်းလက်ပတ်ထဲမှာ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်ဆစ်နှင့် အင်ဇိုင်းများ စတဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဒြပ်ပေါင်းများ အမျိုးအစား ၂၀၀ ခုခန့် ပါရှိပါတယ်။

ဒီလိုဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာကို နေ့စဉ်မှီဝဲခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးများကို ရရှိနိုင်မလဲဆိုတော့ …

ကိုယ်ခံစွမ်းအား မြင့်မားခြင်း

ရှားစောင်းလက်ပတ်ဖျော်ရည်မှ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးတဲ့ ဗီတာမင်စီဓာတ် အမြောက်အမြား ပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအား မြင့်မားစေတဲ့ဖျော်ရည်ကို ဖော်စပ်တဲ့အခါ ရှားစောင်းလက်ပတ်ရွက် တစ်ရွက်၊ ရေ တစ်ဖန်ခွက်နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ပဲ လိုအပ်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဇွန်းဖြင့် ခြစ်ယူပြီးနောက် အခြားပါဝင်ပစ္စည်းများနဲ့ သမအောင် ရောဖျော်ပေးလိုက်ရုံပါပဲ။

ဆံကေသာကို နက်မှောင် ထူထဲစေခြင်း

ရှားစောင်းလက်ပတ်က ဆံကေသာကို အရှည်မြန်စေပြီး ပိုးသားလေးလို နူးညံ့တောက်ပြောင်စေတဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

ရှားစောင်းလက်ပတ်ဖြင့် ပေါင်းတင်ချင်တယ်ဆိုရင်တော့ ရှားစောင်းလက်ပတ်တစ်ရွက်ရဲ့ဖြတ်ထုတ်ပြီးနောက် အထဲက ရှားစောင်းလက်ပတ်ကို ခပ်ယူလိုက်ပါ။ ထို့နောက် အယ်လ်မွန်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောနှောကာ ဆံကေသာနှင့် ဦးရေပြားအနှံ့ကို သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ။

အူလမ်းကြောင်းကို ကျန်းမာစေခြင်း

မကြာသေးမှီကမှ ပြုလုပ်ထားတဲ့ လေ့လာစမ်းသပ်ချက်အရ ရှားစောင်းလက်ပတ်ဖျော်ရည် ၁ အောင်စခန့်ကို တစ်နေ့နှစ်ကြိမ်ခန့် သောက်သုံးပေးပါက အစာအိမ်နာခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာမကျေဖြစ်ခြင်းစတဲ့ အစာအိမ်ပြဿနာများနဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်လို့ သိရှိရပါတယ်။

အသားအရေကို လှပဝင်းမွတ်စေခြင်း

ရေ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ရှားစောင်းလက်ပတ်ရည် ၃ အောင်စနှင့် အယ်လ်ကိုဟော စားပွဲတင်ဇွန်း ၅ ဇွန်းကို သမအောင် ရောမွှေပြီးနောက် မျက်နှာနဲ့ လည်ပင်းအနှံ့ လိုးရှင်းကဲ့သို့ လိမ်းကျံပေးလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာမှ ရေဖြင့် ဆေးကြောပြီးနောက် မိမိအသုံးပြုနေကြ ခရင်မ်လေး လိမ်းပေးလိုက်ပါ။

ထိုကဲ့သို့ ပေါင်းတင်ခြင်းကြောင့် အသားအရေကို တင်းရင်းစေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ ဒါ့အပြင် အမဲစက်များနဲ့ အမာရွတ်များကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။

Source: Brightside.me