ဆီး (ဇီး) သီးမှာ သဘာဝကပေးတဲ့ ဗီတာမင်ဓါတ်တွေ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့တွေ ဇီးသီးကိုတော့ ပုံမှန်စားသုံးလေ့မရှိပါဘူး။ ဒါပေမဲ့ အခုပြောပြမဲ့အကြောင်းအရာကို စာဖတ်သူသိသွားရင်တော့ ဇီးသီးကို နေ့တိုင်းစားဖို့ ဆုံးဖြတ်လိုက်မိမှာသေချာပါတယ်။

02-slivi-zdravje-tr-211

ဆီး (ဇီး) သီး ကို တစ်နေ့ ၁၂ လုံးစားပေးတာဟာ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်သလို အရိုးကိုခိုင်မာစေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်စေပါတယ်။

ဆီး (ဇီး) သီး တစ်လုံးမှာ ပိုတက်ဆီယမ် ၁၁၃ မီလီဂရမ် ပါဝင်ပါတယ်။ ဒါ့ကြောင့် သွေးတိုးတာတွေကို ထိန်းညှိပေးနိုင်ပြီး လေဖြတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

ဘယ်လိုလဲ ဇီးသီးစားဖို့ ဆုံးဖြတ်လိုက်ပြီလား။

ဆီး (ဇီး) သီးရဲ့ ဆေးဖက်ဝင်ပုံနဲ့ ပါဝင်တဲ့ ဂုဏ်သတ္တိများ

plum-juice-featuredried-plums-jpg

ဆီး (ဇီး) သီးမှာ Beta-Carotene ကြွယ်ဝစွာပါဝင်ပြီး ဒီဓာတ်ပစ္စည်းက အသည်းထဲမှာ ဗီတာမင်အေ အဖြစ်ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်၊ အဆီဓါတ်၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ သကြားဓါတ် စတာတွေ ပါဝင်ပါတယ်။

ဆီး (ဇီး) သီးမှာ ကယ်လိုရီဓါတ် ၄၀ ပဲပါတာမို့ ကယ်လိုရီနည်းတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ဒါ့ကြောင့် ဆီး (ဇီး) သီးအခြောက်ကိုဖြစ်ဖြစ် အစိုကိုဖြစ်ဖြစ် စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဆီး (ဇီး) သီး ဖျော်ရည်ဟာလည်း ကျန်းမာရေးအတွက် သောက်သုံးသင့်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ဖျားနာတာ အဆစ်အမြစ်နာကျင် ကိုက်ခဲတာ စတဲ့ ဝေဒနာတွေကို ခုခံနိုင်ပါတယ်။ ဆီး (ဇီး) သီးဟာ ခန္တာကိုယ်အတွက်လည်း အထူးကောင်းမွန်သလို အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်ပေးပါတယ်။