အာလူးကြော်၊ ချိစ်တွေ၊ ဆော့စ်တွေနဲ့ ပြုလုပ်ထားတဲ့ ဟမ်ဘာဂါကို ပုံမှာမြင်လိုက်ရရုံနဲ့ စားချင်စရာလေးပါ ။ အခုလို ကိုလက်စထရောများတဲ့ အစားအစာရဲ့ ဆိုးကျိူးတွေကို မေ့လျော့ပြီး ကျွန်မတို့ဝယ်စားတတ်လေ့ ရှိကြပါတယ်။ ဟမ်ဘာဂါစားသုံးရင် ဘာဖြစ်နိုင်သလဲ။ ဟမ်ဘာဂါစားသုံးရခြင်းကနေ ရလာတဲ့ ဆိုးကျိုး ကောင်းကျိုးအချို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Burger And Fries20140516-293110-atlanta-top-10-burgers-bocado-double-stack

နှလုံး

ဟန်ဘာဂါမှာ ထည့်သွင်းထားတဲ့ အနီရောင်အဆင်းရှိတဲ့ အသားတွေမှာ ပြည့်ဝဆီတွေပါဝင်ပါတယ်။ ပြည့်ဝဆီ ပါဝင်တဲ့ အစားအစာကို အများအပြားစားသုံးတာဟာ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ ဖြစ်ပွားမှုကို မြင့်မားစေသလို ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း မြင့်မားစေပါတယ်။ ဒါ့အပြင် ဘာဂါမှာ ဆားပြည့်ဝစွာပါဝင်တဲ့အတွက် ရေများများသောက်သုံးမိတာကြောင့် ဗိုက်ပြည့်တယ်လို့ ခံစားရနိုင်ပေမဲ့ နှလုံးကို အလုပ်ပိုမိုလုပ်စေပြီး သွေးတိုးနိုင်ပါတယ်။

သွေးတွင်းသကြားဓါတ်

ဟန်ဘာဂါမှာ သန့်စင်ပြီးကစီဓါတ်တွေ ပါဝင်ပြီး အစာချေဖျက်တာကို လျင်မြန်စေသလို သွေးတွင်းသကြားဓါတ်ကိုလည်း မြင့်မားစေပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ဆီးချိုရောဂါဖြစ်ပွားမှု မြင့်မားစေပါတယ်။

သွေး

သွေးလွတ်ကြောတွေဟာ အမြန်စားအစားအစာတွေကြောင့် ကြီးမားတဲ့ ထိခိုက်ပျက်ဆီးမှုတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အနီရောင် အသားတွေမှာ သံဓါတ်၊ ဗီတာမင် B12၊ Zinc လည်းပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

အရိုးများနှင့် ကြွက်သားများ

အနီရောင်အဆင်းရှိ အသားတွေမှာ ပရိုတင်း ပြည့်ဝ

စွာပါဝင်ပြီး စွမ်းအင်တွေ ပေးနိုင်မှာဖြစ်သလို ကြွက်သားနဲ့ အရိုးတွေ ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်ပါတယ်။

ကိုယ်အလေးချိန်

အမြန်စားအစာအစာတွေမှာ ကယ်လိုရီ များစွာပါဝင်နေပါတယ်။ အချိန်တွေကြာလာတာနဲ့ အမျှ အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး မျိုးမပွားနိုင်တဲ့ အန္တာရာယ်ဖြစ်စေနိုင်ပါတယ်။

Credit: healthnewz