ဈေးနှုန်းသက်သာပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အစားအစာတွေထဲမှာ ကြက်ဥကလည်း တစ်ခုအပါအဝင်ပါပဲ။ ဈေးသက်သာတယ်ဆိုပေမယ့်လည်း သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေက မနည်းမနောပဲမဟုတ်လား။ ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များ၊ ကျန်းမာရေးနှင့် ညီညွှတ်သော အဆီဓာတ်အပြင် အခြားသော အာဟာရဓာတ်များလည်း ပြည့်ဝစုံလင်စွာ ပါဝင်တာကတော့ ကြက်ဥပဲဖြစ်ပါတယ်။ အာဟာရပညာရှင်များရဲ့ ပြောကြားချက်အရ ကြက်ဥ ပြင်ဆင်ချက်ပြုတ်စားသုံးမှုပေါ် မူတည်ပြီး သူ့ဆီက ရရှိတဲ့ အာဟာရဓာတ်များကလည်း ကွဲပြားခြားနားနိုင်တယ်လို့ သိရှိရပါတယ်။

ဒါဆိုရင် ကြက်ဥကို ဘယ်လိုနည်းလမ်းနဲ့ ချက်ပြုတ်ခြင်းက အရသာအရှိဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးဖြစ်မလဲ။

ပြုတ်စားပါ

ကြက်ဥအနှစ် မကျက်တကျက်လေးကို စားချင်တယ်ဆိုရင်တော့ ၆ မိနစ်မှ ၂၀ မိနစ်အထိ ပြုတ်ပေးနိုင်ပြီး ကြက်ဥအနှစ်ကို ကျက်စေချင်တယ်ဆိုရင်တော့ ဒီ့ထက်အချိန်ကြာကြာ ပြုတ်ပေးနိုငပါတယ်။

ကြက်ဥအခွံမပါစေဘဲ ပြုတ်သောနည်း

Source: Simplyrecipes.com

ကြက်ဥကို အခွံမပါဘဲ ပြုတ်ဖို့အတွက်ဆိုရင် အရင်ဦးဆုံး ကြက်ဥကို ပန်းကန်လုံးထဲ ဖောက်ထည့်လိုက်ပါ။ ဒန်အိုးထဲ ရေအေးထည့်ကာ အပူပေးပါ။ ရှာလကာရည် ထမင်းစားဇွန်းတစ်ဇွန်းခန့် ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ရေကို အရှိန်ဖြင့် မွှေပြီးတာနဲ့တပြိုင်နက် စောစောက ကြက်ဥ ရေအလယ်တည့်တည့်ထဲ ထည့်ပြုတ်လိုက်ပါ။ ၃ မိနစ်ခန့် ပြုတ်ပြီးနောက်မှာတော့ အပေါက်ပါသော ဇွန်းအကြီးဖြင့် ကြက်ဥကို ခပ်ယူလိုက်ပါ။ ဒါဆိုရင် အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကြက်ဥပြုတ်လေး ရရှိသွားပါပြီ။

ကြက်ဥ Half-Fried ကြော်စားပါ

Source: Maggi.ph

စောစောက ကြက်ဥပြုတ်တဲ့နည်းက အလုပ်ရှုပ်တယ်။ ဒီအတိုင်းပဲ ကြော်စားချင်သူများအတွက်ကတော့ ကြက်ဥ Half-Fried က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

ကြက်ဥ ဖုတ်စားပါ

Source: Foodnetwork.com

မိမိအိမ်မှာ Oven တစ်လုံးရှိပါက ဆီနည်းနည်းဖြင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကြက်ဥကို ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

ကြက်ဥမွှေကြော်နှင့် Omelet ကြက်ဥကြော်

Source: Mashed.com

မွှေခလောက်ပြီးသား ကြက်ဥကို ဒယ်အိုးထဲ မွှေကြော်တဲ့အခါ ဆီများများသုံးပါက ကျန်းမာရေးကို ထိခိုက်နိုင်ပြီး ဆီနည်းနည်းပဲ သုံးပါကလည်း ကြက်ဥမွှေကြော်က အရသာ သိပ်မကောင်းပါဘူး။ Omelet ကြက်ဥကြော်လည်း ထိုနည်းအတိုင်းပဲဖြစ်ပါတယ်။

ကြက်ဥကို ကြော်ပဲစားစား၊ ချက်ပဲစားစား အဓိကကတော့ ကြက်ဥကို အစိမ်းမစားဖို့ပါပဲ။ ကြက်ဥကို အစိမ်းစားတဲ့အခါ ကြက်ဥထဲမှာ ပါတဲ့ မျက်စိနဲ့ မမြင်နိုင်သော ဘက်တီးရီးယားပိုးမွှားများက အန္တရာယ်ဖြစ်စေပြီး အစာချေစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

စာဖတ်သူတို့လည်း ကြက်ဥကို ဘယ်နည်းလမ်းနဲ့ လုပ်စားရတာ အကြိုက်ဆုံးလဲဆိုတာကို ကွန်မန့်ထဲမှာ ဝေမျှပေးခဲ့ကြဦးနော်။

Source: Healthline.com