ခေါင်းကိုက်ဝေဒနာဆိုတာ မခေါ်ဘဲရောက်လာတတ်တဲ့ ဧည့်သည်လိုပါပဲ။ နှင်ထုတ်ဖို့အင်မတန်ခက်ခဲပြီး တစ်ခါခံစားရရင်လည်း အချိန်အတော်ကြာသည်အထိ ခံစားရပါတယ်။ ဆေးသောက်လိုက်လို့ ဝေဒနာပျောက်ကင်းသွားတယ်ဆိုရင်တောင် ခဏတာအတွက်ပါပဲ။ ဆေးသောက်တုန်းခဏပဲ ဝေဒနာပျောက်ကင်းသွားမှာဖြစ်ပြီး နောက်ထပ်ပြန်လည်ခံစားရနိုင်ပါတယ်။

တကယ်လို့ သင်က ခေါင်းကိုက်ဝေဒနာကို အရှင်းပျောက်ကင်းစေချင်တယ်ဆိုရင်တော့ မှန်မှန်စားသုံးပေးရမယ့်အစားအစာလေးတွေရှိပါတယ်။

ထောပတ်သီး

ထောပတ်သီးထဲမှာ ပါဝင်တဲ့ Lutein နဲ့ Zeaxanthin ဆိုတဲ့ဓာတ်များက အပြင်းအထန်ခေါင်းကိုက်တတ်တဲ့ဝေဒနာကို လုံးဝသက်သာပျောက်ကင်းသွားအောင် ကူညီပေးနိုင်တာကြောင့် မကြာခဏခေါင်းကိုက်တတ်တဲ့သူတွေအနေနဲ့ နေ့စဉ်မှီဝဲစားသုံးသင့်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

သဖန်းသီး

ခေါင်းကိုက်ခြင်းနဲ့ ပတ်သက်လာရင်တော့ သဖန်းသီးကို မေ့ထားလို့မရပါဘူး။ ကျွမ်းကျင်ပညာရှငျ်များရဲ့ ပြောကြားချက်အရ သဖန်းသီးထဲမှာပါဝင်တဲ့ ပိုတက်စီယမ်က ရောင်ရမ်းခြင်းကို သက်သာစေတာကြောင့် ခေါင်းကိုက်ဝေဒနာ မခံစားရအောင် ကာကွယ်ပေးပါတယ်။

ဆော်လမွန်ငါး

အိုမီဂါ သရီး ဖက်တိအက်ဆစ်နဲ့ ဗီတာမင် B2 တို့ ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးကို နေ့စဉ်စားသုံးပေးခြင်းက ခေါင်းကိုက်ဝေဒနာ မခံစားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

ကန်စွန်းဥ

ခေါင်းကိုက်လာပြီဆိုတာနဲ့ ကန်စွန်းဥကို ချက်ချင်းစားသုံးပေးလိုက်ပါ။ ကန်စွန်းဥ စားသုံးလိုက်ခြင်းက စိတ်တည်ငြိမ်စေပြီး ဝေဒနာများကို သက်သာပျောက်ကင်းစေပါတယ်။ ဒါကဘာ့ကြောင့်လဲဆိုတော့ ကန်စွန်းဥထဲမှာ ပါဝင်တဲ့  ဗီတာမင်စီ၊ ဗီတာမင် B1 နဲ့ ပိုတက်စီယမ်က ခေါင်းကိုက်ဝေဒနာကို တိုက်ဖျက်ပေးနိုင်လို့ပဲဖြစ်ပါတယ်။

ဖရဲသီးနှင့် မုန်လာဥနီ

ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခေါင်းကိုက်ဝေဒနာခံစားရခြင်းရဲ့အဓိကတရားခံတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် ခေါင်းကိုက်နေချိန်မှာ ရေဓာတ်ဖြည့်တင်းပေးနိုင်ဖို့ရန်အတွက် ရေများများသောက်သုံးပေးသင့်တာကြောင့် ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေဖြစ်ကြတဲ့ ဖရဲသီး၊ မုန်လာဥနီ၊ သခွားသီး၊ တရုတ်နံနံစတဲ့ အသီးအနှံများကို စားသုံးပေးလိုက်ပါ။

ဒိန်ချဉ်

လေ့လာတွေ့ရှိချက်များအရ ဗီတာမင်ဘီရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Riboflavin က ခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ ထို Riboflavin ဓာတ်များကို ဒိန်ချဉ်ထဲမှာ အများအပြားတွေ့နိုင်တာကြောင့် ဒိန်ချဉ်မှန်မှန်စားသုံးသူတွေက ခေါင်းကိုက်ဝေဒနာ မခံစားရကြပါဘူး။

သံပုယိုရည်

ခေါင်းကိုက်ဝေဒနာခံစားရပြီဆိုတာနဲ့ သံပုယိုရည်အနည်းငယ်ကို ရေတစ်ဖန်ခွက်နဲ့ ရောနှောလိုက်ပါ။ ထို့နောက် ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းပါ ထပ်ဖျော်ထည့်ပြီးနောက် တစ်ကျိုက်တည်း မော့ချလိုက်ပါ။ ခဏအကြာမှာခေါင်းကိုက်ဝေဒနာက ယူပစ်သလိုပျောက်ကင်းသွားတာကို မျက်မြင်ခံစားရပါလိမ့်မယ်။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက် အချောင်းလေးများကို အမှုန့်များရအောင် ကြိတ်လိုက်ပါ။ ထို့နောက် ရေအနည်းငယ်ဖြင့် ရောနှောလိုက်ပါ။ ရရှိလာတဲ့ သစ်ကြမ်းပိုးခေါက် အနှစ်များကို နားထင်၊ နဖူး စတဲ့ ခေါင်းကိုက်နေတဲ့နေရာတစ်ဝိုက်မှာ လိမ်းကျံပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ထိုသစ်ကြမ်းပိုးအနှစ်များကို ရေဖြင့် စင်ကြယ်အောင်ဆေးကြောပေးလိုက်ပါ။ လိမ်းကျံထားနေစဉ်အတောအတွင်းမှာ ခေါင်းကိုက်ဝေဒနာ တဖြည်းဖြည်းချင်း သက်သာသွားတာကို ခံစားရပါလိမ့်မယ်။

Source: Brightside.me