မိမိစားမယ့် အစားအစာပေါ်မှာ ယင်ကောင် နားတဲ့အခါ ဖြေရှင်းရမယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဥပမာဆိုရသော် အရသာရှိတဲ့ ထိုအစားအစာကို ချက်ချင်းလွှင့်ပစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ “ပြဿနာ မရှိပါဘူး။ ယင်ကောင်နားတာလေးပဲဟာ” ဆိုပြီး လူအချို့က တွေ့ထင်တတ်ကြပါတယ်။ ဒါဆိုရင်တော့ သေးငယ်လှပါတယ်ဆိုတဲ့ ယင်ကောင်တွေက ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖန်တီးပေးနိုင်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ယင်ကောင်နားတဲ့ အစားအစာများကို စားသုံးမိခြင်းကြောင့် ခံစားရတဲ့ ကျန်းမာရေး ဆိုးကျိုးများကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ယင်ကောင်တွေက သင့်အစားအစာပေါ်မှာ အန်ချသွားနိုင်ခြင်း

Source: Southernliving.com

ယင်ကောင်တွေက သူတို့ရဲ့ပြွန်ပုံသဏ္ဍာန်ရှိတဲ့ ပါးစပ်ကနေတဆင့် စားသုံးမယ့်အစားအစာတွေကို စုပ်ယူတတ်ကြပါတယ်။ ဘယ်လိုအစားအစာမျိုးကိုမဆို အရည်အဖြစ်သို့ ပြောင်းလဲနိုင်တဲ့ ပါးစပ်ပုံသဏ္ဍာန်ရှိကြပါတယ်။ ဒီလိုအစာတွေကို စုပ်ယူဖို့ဆိုရင် သူတို့ရဲ့တံတွေးကို သင့်ရဲ့အစားအစာပေါ် ထွေးထုတ်လိုက်မှာဖြစ်ပြီး တွေးကြည့်လိုက်မယ်ဆိုရင်တော့ မသတီစရာပါပဲ။

သင့်အစားအစာပေါ်မှာ ဥ ဥသွားနိုင်ခြင်း

သင်က နှမြောတသကြီးစွာနဲ့ နောက်မှစားမယ်ဆိုပြီး ချန်ထားတဲ့ အစားအစာတွေက ယင်ကောင်တွေအတွက်တော့ အသိုက်ဖြစ်သွားနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ယင်ကောင်ဥကနေတဆင့် ပိုးလောက်လန်းအဖြစ်ပြောင်းသွားပြီး သင့်ကို အစာအဆိပ်သင့်စေပါလိမ့်မယ်။ ဒါ့ကြောင့် မိမိချန်ထားတဲ့ အစားအစာတွေကို ယင်လုံအောင် သေချာဖုံးအုပ်ထားဖို့ မမေ့ပါနဲ့။

သူတို့ရဲ့ ခြေထောက်နဲ့ တောင်ပံတွေက သင့်ရဲ့အစားအစာကို ဘက်တီးရီးယားအသိုက်အဖြစ် ပြောင်းလဲနိုင်ခြင်း

Source: Amazon.com

ယင်ကောင်တွေရဲ့ခန္ဓာကိုယ်က ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ကျွနု်ပ်တို့အားလုံး သိပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ယင်ကောင်နားလိုက်တဲ့ အစားအစာတိုင်းသည်လည်း ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတာကြောင့် ကျန်းမာရေး ဆိုးကျိုးများစွာ ကူးစက်ခံစားရနိုင်ပါတယ်။

ရောဂါအမျိုးပေါင်း ၆၀ ခန့်ကို သယ်ဆောင်ထားခြင်း

Source: Freepik

ယင်ကောင်တွေက အမှိုက်ပုံတွေ မသန့်ရှင်းတဲ့နေရာတွေကနေတဆင့် အစားအစာတွေပေါ်မှာ နားခြင်းအားဖြင့် လူသားတွေအတွက် အနည်းဆုံး ၆၅ မျိုးသော ကူးစက်ရောဂါများ ခံစားရအောင် ဖန်တီးနေကြတာပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါတွေအပြင် အနာကြီးရောဂါကိုပါ ခံစားရစေပါတယ်။ ဒီကူးစက်ရောဂါတွေက လူသားတွေတင် ခံစားရတာမဟုတ်ပါဘူး။ ကြက် (သို့) ဝက် စတဲ့ တိရစ္ဆာန်များပါ ခံစားရကြပါတယ်။

ဒီလိုဆိုးကျိုးတွေကြောင့် မိမိတို့ရဲ့အစားအစာများကို ယင်ကောင်များထံမှ လုံလုံခြုံခြုံကာကွယ်ထားဖို့ လိုမယ်နော်။

Source: Brightside.me