ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်ကြောင်း ကမ္ဘာပေါ်ရှိ လူတွေအားလုံး လက်ခံယုံကြည်ထားကြပါတယ်။ ဒါပေမယ့် လူအများစုဟာ မိမိတို့ရဲ့ နေ့စဉ် ပြဿနာတွေနဲ့ပဲ လုံးလည်လိုက်နေပြီးတော့ ကျန်းမာရေး အတွက် နေထိုင် ကျင့်ကြံဖို့ မေ့လျော့နေ တတ်ကြပါတယ်။ ရောဂါတစ်ခု ဖြစ်ပြီဆိုမှ ဆေးဝါး မှီဝဲတာတို့ အစားရှောင်တာတို့တွေ လုပ်တတ်ကြပါတယ်။ မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တဲ့ နည်းလမ်းပါ။

ဒါကြောင့် ကျန်းမာတဲ့ ဘဝတစ်ခုအတွက် အရေးအကြီးဆုံးက နေ့စဉ် စားသောက်တဲ့ပုံစံပါ။ အဆီတွေ တက်လာပြီး ဝလာတာတွေကြောင့် စိတ်ညစ်နေရတဲ့ လူတွေ ကိုယ့်ကိုကိုယ့် စိတ်တိုင်းမကျတဲ့လူတွေ ပိုများလာတယ်လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ကောင်းမွန်စွာစားသောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပြီး ကိုယ်အလေးချိန် ထိန်းခြင်းနဲ့ အဖြစ်များတဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာတွေကို မဖြစ်အောင်ပါ တားဆီးပေးနိုင်ပါတယ်။ စားသောက်မှုပုံစံဟာ ဂရုမထားမိတဲ့အချိန်မှာ တော်တော် ပြောင်းလဲနေတတ်ပါတယ်။ ဒါတွေကို အချိန်အနည်းငယ်ပေးပြီး ပြောင်းလဲသင့်ပါတယ်။ မခက်ခဲပါဘူး။

အချက်လေး ၅ချက်လောက်နဲ့ သင် ကျန်းမာစေပါမယ်။

၁။ အမျိုးစုံအောင် စားပါ

variety

မတူတဲ့ အစားအစာတွေကို စုံအောင် စားပေးသင့်ပါတယ်။ ဥပမာ ဆန်၊ ပဲ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥနဲ့ နွားနို့ အစရှိသဖြင့် အမယ်စုံအောင် စားပေးရပါမယ်။

၂။ ဟင်းရွက်တွေနဲ့ အသီးအနှံတွေကို များများစားပါ။

veg

ခြားနားတဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်ပေါင်းတွေ ပါဝင်တဲ့ ဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။ လတ်ဆတ်တဲ့ ဟင်းရွက်တွေနဲ့ အသီးတွေကိုလည်း စားလို့ရစလို ချက်ပြုတ်ပြီးတော့လည်း စားသောက်နိုင်ပါတယ်။ ဒါပေမယ့် အချက်လွန်အောင် ချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ မလတ်ဆတ်တော့တဲ့ အသီးတွေကိုတော့ မစားသင့်ပါဘူး။

၃။ ကောင်းမွန်တဲ့ အဆီကို ရွေးချယ်ပါ။

oils

အဆီမှာလည်း ကောင်းမွန်တဲ့ အဆီတွေ ရှိပါတယ်။ ဟင်းသီးဟင်းရွက်အဆီနဲ့ သံလွင်ဆီကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပါပဲ။ ဟင်းရွက်ဆီတွေထဲမှာ သံလွင်ဆီအပြင် ပဲပိစပ်ဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ နှမ်းဆီတွေကို စားသင့်ပြီး ပုံမှန်မဟုတ်တဲ့ အဆီတွေနဲ့ တိရိစ္ဆာန်ကနေရတဲ့ အဆီတွေကိုတော့ ရှောင်သင့်ပါတယ်။ ငါးအဆီကတော့ ချွင်းချက်ပါ။

၄။ ဆားနဲ့သကြားကို လျှော့စားပါ။

sugars

ချက်ပြုတ်တဲ့အခါမှာ ဆားကို တတ်နိုင်သမျှ လျှော့စားတာ အကောင်းဆုံးပါပဲ။ သကြားဓာတ် မြင့်တဲ့ အချိုရည်တွေကို တတ်နိုင်သမျှ ရှောင်ပြီး အသီးဖျော်ရည်တွေကို ပိုသောက်သင့်ပါတယ်။ ရေဆာတဲ့ အချိန်တွေမှာ ရေမသောက်ဘဲ အချိုရည် သောက်သုံးခြင်းတွေကို လျှော့ပါ။ ကယ်လိုရီလည်း မြင့်ပြီး ကိုယ်အလေးချိန်လည်း တဖြည်းဖြည်း တက်လာတတ်တဲ့ အကြောင်းပြချက် တစ်ခုဟာ ဆားနဲ့သကြား လိုတာထက် ပိုစားမိနေတတ်တာကြောင့်ပါ။

၅။ ငါးနဲ့ ပင်လယ်စာ ပါအောင်စားပါ။

seafood

ဆယ်လ်မွန်၊ တူနာ၊ ပုဇွန်၊ ရေဘဝဲ အစရှိတဲ့ ပင်လယ်စာတွေကိုလည်း စားပေးပါ။ ပင်လယ်စာတွေမှာ ပရိုတင်း၊ သတ္တုဓာတ်နဲ့ အိုမီဂါ ၃ဖက်တီးအက်ဆစ် တွေ ပါဝင်တဲ့အတွက် ကျန်းမာရေး အတွက်ကတော့ အကောင်းဆုံးဓာတ်တွေပါပဲ။

Credit: Zeenews