ဓမ္မတာလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေ လျော့ပါးအောင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ စားပေးသင့်ပါတယ်။

ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေက စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ စိတ်ဖိစီးမှုတွေ ခံစားရတတ်ပါတယ်။

ဒီလို ဝေဒနာတွေသက်သာလာစေဖို့ မှန်ကုန်တဲ့ အစားအစာတွေ ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။

ပဲအမျိုးမျိုး

မြေပဲနဲ့ ပဲတွေမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဓမ္မတာလာချိန်မှာ ဝမ်းချုပ်ရင် ပိုပြီး ဝေဒနာ ခံစားရပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာကို သက်သာစေမယ့် အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက ဓမ္မတာလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

အဲ့ဒီအပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ဗီတာမင် K ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အလွန်အကျွံ သွေးသွန်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

Omega-3 Fatty အက်ဆစ်

Omega-3 Fatty အက်ဆစ် စားသုံးတာများတဲ့ အမျိုးသမီးတွေက အဆီဓာတ်တွေလျော့နည်းပြီး ဓမ္မတာလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေသက်သာကြောင်း ဗြိတိန်နိုင်ငံမှာ ၁၉ ၉ ၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အာဟာရဆိုင်ရာ သုတေသန တစ်ခုကနေ သိရှိခဲ့ရပါတယ်။

Omega-3 Fatty အက်ဆစ်က ငါးတွေနဲ့ အခွံမာအသီးတွေမှာ အများဆုံးပါဝင်ပါတယ်။