အစာအိမ်အောင့်တာကို သက်သာစေမယ့် သဘာ၀ နည်းလမ်းတွေရှိပါတယ်။ တခါတလေ အချိန်မတော်တဲ့အချိန်မှာ အစာအိမ်အောင့်ရင် အိမ်မှာရှိတဲ့ အသီးအနှံလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကို ဝေမျှပေးချင်ပါတယ်။

အစာအိမ်အောင့်တယ်ဆိုတာက အစာခြေဖို့ခက်ခဲတာ၊ အစာစားချိန် နောက်ကျတာတွေကြောင့် ဖြစ်တတ်ပါတယ်။

တချို့ကလည်း စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုတွေကြောင့် အာရုံကြောစနစ် ပြောင်းလဲမှုကြောင့် အစာအိမ်အောင့်တာတွေ ဖြစ်တတ်ပါတယ်။

ငှက်ပျောသီး

shutterstock_142376728-500x334

ငှက်ပျောသီးမှာ သဘာ၀ အမျှင်ဓာတ်တွေပါဝင်ပြီး အယောင်ကျစေတဲ့ ဓာတ်တွေလည်းပါဝင်ပါတယ်။ ဒါက အစာချေဖို့ ခက်ခဲတာကြောင့် အစာအိမ်အောင့်တဲ့ရောဂါကို သက်သာ ပျောက်ကင်းစေပါတယ်။

ငှက်ပျောသီးစားပေးရင် အစာအိမ်ထဲက အက်ဆစ်များကို လျော့ကျစေပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဘက်တီးရီးယားတွေကို အူလမ်းကြောင်းတစ်လျှောက်မှာရှိနေအောင် ကူညီပေးပါတယ်။

ပိုတက်ဆီယမ်ဓာတ်လည်းပါဝင်တာကြောင့် ပျို့အန်ပြီးနောက်ထွက်လာတဲ့ Electrolytes ဓာတ်တွေကိုလည်း လျော့ကျစေပါတယ်။

ဆန်

Rice

ဆန်က ကစီဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အစာအိမ်ကို အထောက်အကူပြုစေတဲ့ အမျှင်ဓာတ်တွေလည်းပါဝင်ပါတယ်။ လေချဉ်တက်တာတွေကိုလည်း လျော့နည်း ပျောက်ကင်းအောင် ကူညီပေးပါတယ်။

ပန်းသီး

Apple-sauce

ပန်းသီးကို ကြိတ်ပြီး ပျစ်အောင် ဖျော်ထားတာကလည်း အစာအိမ်အောင့်တာကို သက်သာစေပါတယ်။ အစာမချေ၊နိုင် လေချဉ်တက်တာတွေနဲ့ ဝမ်းပျက်ဝမ်းလျှောတွေကို သက်သာအောင် ကူညီပေးပါတယ်။

သူ့မှာ အမျှင်ဓာတ်တွေ၊ Antioxidants တွေနဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေ အများကြီးပါဝင်တာကြောင့် အစာအိမ်ရောင်တာကို သက်သာစေပြီး ဝမ်းချုပ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။