စူပါမားကတ်ရောက်ရင် နာမည်ကြီးတဲ့ အစားအစာတွေကို အလွယ်တကူ ၀ယ်လိုက်တာပဲ။ တကယ်တမ်းပေးရတဲ့ ကုန်ကျစရိတ်နဲ့ ပါတဲ့ အစားအသောက်၊ အာဟာရဖြစ်မဖြစ်ကို စဉ်းစားမိကြတာနည်းပါတယ်။
အာလူးကြော် အထုပ်သေးတစ်ထုပ်
အာလူးကြော်အထုပ်သေးတစ်ထုပ်မှာ အာလူးတစ်လုံးကြော်လောက်ဘဲ ပါဝင်ပါတယ်။ အများအားဖြင့် အာလူးပါဝင်တဲ့ ဂရမ်က ၉၀ ဂရမ်ဘဲဖြစ်ပါတယ်။
အာလူးကြော် အထုပ်အလတ်
အာလူးကြော် အထုပ်အလတ်တစ်ခုမှာဆိုရင် အာလူး ၃ လုံး နဲ့ တစ်စိတ်လောက်ပဲ ပါလေ့ရှိပါတယ်။
အာလူးကြော် အထုပ်ကြီးတစ်ထုပ်
အာလူးကြော် အထုပ်ကြီး တစ်ထုပ်မှာဆိုရင် အာလူး ၆ လုံးနဲ့ တစ်စိတ်လောက်ပဲ ပါလေ့ရှိပါတယ်။
သစ်သီးဖျော်ရည်
စက္ကူဗူးထဲက သစ်သီးဖျော်ရည်တွေက ဈေးကြီးပေမယ့် တကယ်တမ်း လတ်လတ်ဆတ်ဆတ် အသီးကို ညှစ်ပြီး ဖျော်ထားတာမဟုတ်ပါဘူး။
French Fries
နာမည်ကြီး အသင့်စား စားသောက်ဆိုင်တွေက French Fries တွေကို ဈေးကြီးပေးဝယ်စားနေပေမယ့် အထုပ်သေး French Fries တစ်ခုမှာအာလူးတစ်လုံးလောက်ဘဲပါတယ်။
French Fries အထုပ်ကြီး
French Fries အထုပ်ကြီးထဲမှာဆိုရင်တောင် အာလူး ၂လုံးတောင် မပါပါဘူး။
Potato Wedges
Potato Wedges တစ်ထုပ်မှာလည်း အာလူး ၂လုံးတောင် မပါပါဘူး။
အပြင်အစားအစာတွေ စားသုံးတာက သူတို့ရဲ့ ချက်ပြုတ်တာတွေက စားလို့ကောင်းလို့ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို စားမယ်ဆိုရင်တော့ ကိုယ့်ကျန်းမာရေးအတွက် မကောင်းသလို ငွေကြေးလည်း အများကြီး ပိုကုန်မှာဖြစ်ပါတယ်။
Credit: BrightSide