အချိုဓာတ် အလွန်အကျွံ စားသုံးခြင်းက ဆီးချိုရောဂါ ဖြစ်ပွားစေတဲ့ အဓိကအရင်းအမြစ်ပဲဖြစ်ပါတယ်။

တကယ်လို့ အချိုဓာတ်နဲ့ သကြား စားသုံးမှုကို လုံးဝရပ်တန့်လိုက်မယ်ဆိုရင်တော့ သင် မျှော်လင့်မထားတဲ့ ကောင်းကျိုးမြောက်မြားစွာကို ရရှိပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

တစ်ချိန်လုံး ဗိုက်ဆာနေမှာ မဟုတ်တော့ဘူး

Source: Cathe.com

သကြားက ခန္ဓာကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့ သင့်ကို ထိန်းချုပ်နေတာမှာပါ။ သကြား များများစားလေ အစားစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများ တိုးပွားလာလေပါပဲ။ ထိုမှတဆင့် အဝလွန်ခြင်းရောဂါများ ဖြစ်ပွားနိုင်တာကြောင့် သကြားဓာတ်ကို တတ်နိုင်သမျှ လျော့စားသင့်ပါတယ်။

မှတ်ဉာဏ်စွမ်းအား တိုးမြှင့်လာခြင်း

Source: News.yale.edu

လေ့လာချက်များအရ အချိုဓာတ် လွန်ကဲစွာ စားသုံးခြင်းကြောင့် ဦးနှောက်အရွယ်အစား ကျုံ့သွားပြီး မှတ်ဉာဏ် ချို့ယွင်းတတ်တယ်လို့ သိရှိရပါတယ်။ မှတ်ကန်တဲ့ ဆုံးဖြတ်ချက်များကို ရဲရဲဝံ့ဝံ့ချနိုင်စွမ်းတွေ လျော့နည်းသွားပါလိမ့်မယ်။

ဆံကေသာ ထူထဲလာခြင်း

Source: Indianexpress.com

အရေပြား ပညာရှင်များ ပြောကြားချက်အရ သကြားက ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းတို့ကို လှုံ့ဆော်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကလူးကို့စ်ဓာတ် များလာလေ ဦးရေပြားက အာဟာရပြည့်ဝစွာ မရရှိတော့ဘဲ ဆံပင်ကျွတ်လာပါလိမ့်မယ်။

အရေးအကြောင်းဖြစ်ပေါ်မှု နှေးကွေးသွားခြင်း

Source: Express.co.uk

သကြားစားသုံးခြင်းကြောင့် ဝက်ခြံပေါက်ခြင်း၊ အိုမင်းရင့်ရော်မှု မြန်ဆန်လာခြင်းတို့ကို ကြုံတွေ့ရနိုင်တယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။ ဒါ့ကြောင့် သင့်အသားအရေကို တင်းတင်းရင်းရင်းလေး ဖြစ်စေချင်တယ်ဆိုရင် သကြား စားသုံးမှုကို ရပ်တန့်သင့်ပါတယ်။

အရိုးအဆစ်များ ကျန်းမာကြံ့ခိုင်လာခြင်း

Source: Thejakartapost.com

သကြားဓာတ် လွန်ကဲစွာ စားသုံးခြင်းကြောင့် အရိုးအားနည်းလာခြင်း၊ အရိုးပွရောဂါ စသည်တို့ကို ခံစားရနိုင်ချေများပါတယ်။ အရိုးတစ်သျှူးများ ကျန်းမာကြံ့ခိုင်ဖို့အတွက်ဆိုရင်တော့ သကြား စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ဒါဆိုရင် သကြားရဲ့အချိုဓာတ်ကို ဘယ်က ရနိုင်မလဲ။

Source: Thethirty.whowhatwear.com

ဆေးသကြားများ ပါဝင်ပြီး အချိုဓာတ်လွန်ကဲနေတဲ့အစားအစာများ စားသုံးမယ့်အစား သဘာဝသစ်သီးများများ စားသုံးပေးသင့်ပါတယ်။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Source: Brightside.me