သင်ဟာ သီဟိုဠ်စေ့လေးတွေကို ကြိုက်နှစ်သက်သူတစ်ယောက်လား။ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ သီဟိုဠ်စေ့ကို တစ်နေ့ လေးစေ့ခန့် စားသုံးပေးမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်က ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ချင်ပါတယ်။

အသားအရေ ကြည်လင်တောက်ပလာခြင်း

သီဟိုဠ်စေ့မှာ အသားအရေအလှအပအတွက် ကောင်းကျိုးပေးစွမ်းတဲ့ ကော့ပါးနဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ Antioxidants က အသားအရေအိုမင်းရင့်ရော်စေတဲ့ လက္ခဏာများကို လျော့ချပေးပြီး ကော့ပါးနဲ့ အင်ဇိုင်းဓာတ်တို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အသားအရေကို တင်းရင်းလှပစေပါတယ်။

မကြာခဏ နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးခြင်း

သီဟိုဠ်စေ့မှာ ဇင့်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတုဒြပ်စင်လေးက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးရာမှာ အရေးပါတဲ့အတွက်ကြောင့် သင့်ကို ဒေါင်ဒေါင်မြည်ကျန်းမာစေပါတယ်။

အရိုးအဆစ်များ အရင်ကထက် ပိုမိုကျန်းမာလာခြင်း

သီဟိုဠ်စေ့ တစ်စောင်စခန့်မှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ကော့ပါးဓာတ် ၃၀ ရာခိုင်နှုန်းနဲ့ မဂ္ဂနီစီယမ်ဓာတ် ၂၀ ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်။ ကော့ပါးဓာတ်က အရိုးများ ဖွံ့ဖြိုးသန်မာဖို့နဲ့ တွယ်ဆက်တစ်သျှူးလေးများအတွက် အထောက်အပံ့ပေးနိုင်ပြီး မဂ္ဂနီစီယမ်ဓာတ်ကတော့ အရိုးက ကယ်လ်စီယမ်ဓာတ်များ စုပ်ယူနိုင်ဖို့နဲ့ အရိုးပွရောဂါခံစားရနိုင်ချေမှ ကာကွယ်ပေးပါတယ်။

မျက်လုံးအတွက် အကာအကွယ်ပေးနိုင်ခြင်း

ပြင်းထန်သော ခရမ်းလွန်ရောင်ခြည်ဒဏ်များကြောင့် မျက်ကြည်လွှာနဲ့ မျက်စိ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ဖို့ရန်အတွက် သီဟိုဠ်စေ့ကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

ခေါင်းကိုက်ဝေဒနာ သက်သာခြင်း

ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့တဲ့အခါ သွေးတိုးခြင်း၊ မကြာခဏခေါင်းကိုက်ခြင်း စတဲ့ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် သီဟိုဠ်စေ့ စားသုံးပြီး မဂ္ဂနီစီယမ်ဓာတ် မချို့တဲ့အောင် ကြိုးစားလိုက်ပါ။

သွားများကို ကျန်းမာကြံ့ခိုင်စေခြင်း

Cashew Nuts

သီဟိုဠ်စေ့ထဲမှာ Anacardic လို့ခေါ်တဲ့ အက်ဆစ်ဒြပ်ပေါင်းတစ်မျိုးပါဝင်ပြီး ထိုအက်ဆစ်ဓာတ်က သွားပိုးစားခြင်း၊ သွားချေးတက်ခြင်းတို့ကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးနိုင်တာကြောင့် သင့်သွားလေးတွေက ကျန်းမာကြံ့ခိုင်နေမှာပဲဖြစ်ပါတယ်။

တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေခြင်း

Source: Legionathletics.com

တစ်နေ့တာလုံး စွမ်းအင်အပြည့်နဲ့ သွားလာလှုပ်ရှားချင်တယ်ဆိုရင်တော့ သီဟိုဠ်စေ့များ စားသုံးနိုင်ပါတယ်။ သီဟိုဠ်စေ့မှာ ပါဝင်တဲ့ ဗီတာမင် အီး၊ ဗီတာမင် ကေ၊ ဗီတာမင် B6၊ ကော့ပါး၊ ဇင့်၊ သံဓာတ် စတဲ့ သတ္တုဓာတ်များက သင့်ရဲ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်များ ဖြည့်ဆည်းပေးနိုင်ပါတယ်။

Source: Brightside.me