ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ အခြား ဘယ်အစားအစာတွေမှာမှ မတွေ့နိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ထိုအစားအစာများ စားသုံးခြင်းကို ရပ်တန့်လိုက်ပါက သင့်ခန္ဓာကိုယ်က ယခုဖော်ပြမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

အမြင်အာရုံ ချို့ယွင်းလာခြင်း

အမြင်အာရုံကောင်းမွန်ဖို့အတွက် Retinol နဲ့ Beta-Carotene ဓာတ်တို့ လိုအပ်ပါတယ်။ Retinol ကို အသည်း၊ ငါးကြီးဆီ၊ ဥအမျိုးမျိုးတို့မှ ရရှိနိုင်ပေမယ့် အလွန်အကျွံစားသုံးပါက အဆိပ်အတောက်ဖြစ်စေပါလိမ့်မယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ စားသုံးမှု နည်းပါးခြင်း၊ စားသုံးမှုကို ရပ်တန့်ပစ်လိုက်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။

ခန္ဓာကိုယ် အနံ့အသက် ဆိုးရွားလာခြင်း

Source: Beautybridge.com

ကျွနု်ပ်တို့ စားသုံးလိုက်တဲ့ အစားအစာက ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်အနံ့အသက်အပေါ် များစွာ သက်ရောက်မှုရှိပါတယ်။ လေ့လာချက်များအရ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ပုံမှန်စားသုံးသူက ဆပ်ပြာနဲ့ အမွှေးနံ့သာဆီများ မသုံးရင်တောင်မှ ကိုယ်သင်းရနံ့လေးက သင်းပျံ့နေတတ်တယ်လို့ သိရှိရပါတယ်။

စိတ်ကျရောဂါ ဖြစ်ပေါ်စေခြင်း

Source: Eatthis.com

အာဟာရမျှတစွာ စားသုံးခြင်းက ခန္ဓာကိုယ်ကို အချိုးအစား လှပစေရုံသာမက စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ တကယ်လို့ သင်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ စားသုံးမှုကို ငြင်းဆန်နေမယ်ဆိုရင်တော့ စိတ်ကျရောဂါကို လက်ယပ်ခေါ်နေတာနဲ့ တူပါတယ်။

အစာချေစနစ် ပျက်ယွင်းသွားခြင်း

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများမှာ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် များများမစားသုံးပါက ဝမ်းချုပ်ခြင်း၊ အစာမကြေဖြစ်ခြင်းတို့ကို ခံစားရစေပါလိမ့်မယ်။

သွေးတိုးရောဂါ ခံစားရခြင်း

ဆရာဝန်တွေက သွေးတိုးသမားတွေကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများစားသုံးပေးဖို့ အမြဲတမ်းအကြံပေးလေ့ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအစားအစာများက သွေးတိုးရောဂါကို သက်သာစေလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိုအစားအစာများ မစားသုံးတဲ့သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးရောဂါ ခံစားရနိုင်တယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။

Source: Brightside.me