အကြောင်းပြချက် မျိုးစုံနဲ့ လူစုမိကြတဲ့ အခါ အသောက်အစားလေး ပါတတ်ကြတာ မဆန်းလှပါဘူး။ ဒါပေမယ့် သောက်တာ များသွားပြီး နောက်နေ့မနက် ခံစားရတဲ့ ဝေဒနာကတော့ ဆိုးလှပါတယ်။ Hangover ဖြစ်တဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးရမလဲဆိုတာ မကြာခဏ တွေ့ရ တတ်ပါတယ်။ ပြန်ဖြေ သောက်ရတယ်လို့ ပြောကြတဲ့လူတွေ ရှိသလို များများစားပါ၊ ရေများများ သောက်ပါ ဆိုတာတွေလည်း ရှိပါတယ်။ လွယ်ပြီး အသုံးဝင်တဲ့ နည်းလမ်းက ဘာပါလဲ။

ကံဆိုးစွာပဲ ခံစားရတဲ့ Hangover ဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ လူတွေရဲ့ ကိုယ် ခန္ဓာဖွဲ့စည်းပုံနဲ့ ဓာတ်ပေါင်းတွေ မတူတာကြောင့် အချို့က နည်းနည်းသောက်ရုံနဲ့ Hangover ခံစားရတတ်ပါတယ်။ အခု ပြောပြမယ့် အချက်တွေကတော့ အသုံးဝင်ကြောင်း ထောက်ခံချက်ရထားတဲ့ နည်းလမ်းတွေပါပဲ။

ရေများများသောက်ပါ

Hangover ဖြစ်ခြင်းဟာ ရေဓာတ်ကို ခန်းခြောက်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပေးဖို့လိုပါတယ်။ စွပ်ပြုတ်နဲ့ အခြား ဖျော်ရည်တွေကိုလည်း သောက်ပေးလို့ရပါတယ်။ ရေဓာတ်များတဲ့ ဖရဲသီးလို အသီးအနှံတွေကိုလည်း စားပေးလို့ ရပါတယ်။ ကိုယ် ခန္ဓာထဲမှာ ရေဓာတ်များလာလေ ခံစားရသက်သာလာလေပါပဲ။

၂။ လတ်ဆတ်တဲ့အသီးအနှံကို ဖျော်ရည်လုပ်သောက်ပါ

Hangover အတွက် ကူညီပေးနိုင်တာ နောက်တစ်ခုကတော့ အသီးဖျော်ရည်တွေပါ။ လိမ္မောသီးဖျော်ရည်နဲ့ စပျစ်သီးဖျော်ရည်တွေကတော့ ကိုယ် ခန္ဓာထဲက လိုအပ်တဲ့ ရေဓာတ်နဲ့ သကြားဓာတ်ကို ပြန်ပြီး ဖြည့်စွမ်းပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကတော့ အစာအိမ်အတွက် ကောင်းမွန်စေနိုင်ပြီး သကြားဓာတ်ကို ဖြည့်စွမ်းပေးပါလိမ့်မယ်။

၃။ ကော်ဖီရှောင်ပါ

ကဖိန်းဓာတ်ဟာ ရေဓာတ်ကို ပိုခန်းသွားစေတတ်တာမို့ Hangover ဖြစ်နေတဲ့အချိန်တွေမှာ ရှောင်သင့်ပါတယ်။

၎။ အသည်းကို ဂရုစိုက်ပါ

အယ်ကိုဓာတ်တွေ များလာတဲ့အခါ အသည်းဟာ အဆိပ်တွေနဲ့ ပြည့်နေပြီး လုပ်ဆောင်မှုတွေ နှေးသွားစေတတ်ပါတယ်။ အဆိပ်တွေကို ပြန်ဖယ်ရှားပေးဖို့ အစိမ်းရင့်ရောင် အသီးအရွက်တွေ စားပေးပါ။ အခြား အသည်းကို အားဖြစ်စေမယ့် အစားအစာတွေကို စားပေးပါ။

၅။ လှုပ်လှုပ်ရှားရှား မနေပါနဲ့

ဆိုလိုတာကတော့ Hangover ဖြစ်နေတဲ့ အချိန်မှာ အိပ်ယာကနေ အိမ်ရှေ့ခန်းကို သွားရင်တောင် ဖြည်းဖြည်းပဲ သွားပါလို့ ဆိုလိုခြင်းပါ။ လေ့ကျင့်ခန်းလုပ်တာတွေ ခပ်မြန်မြန် လှုပ်ရှားတာတွေ မလုပ်သင့်ပါဘူး။ မနက်ပိုင်း အိပ်ယာထပြီး လုပ်နေကျ အလုပ်တွေကို လုပ်ပေးမယ်ဆိုရင် ရေဓာတ်ခန်းနေတဲ့ ကိုယ် ခန္ဓာဟာ မလိုက်နိုင်တော့ပါဘူး။ ပိုပြီး တိုး ခံစားစေနိုင်ပါတယ်။

Credit: lifehack