ပျားရည်ဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံး အစားအစာ တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် ပျားရည်ကို သံပုရာနဲ့ ရောပြီး သောက်သုံးနေကြတဲ့ လူတွေကြား ခေတ်စားနေကြပါတယ်။

ပျားရည်ဟာ အစာအိမ်နဲ့ အဆုတ်မှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။ အဆိပ်အတောက်တွေကို ပြေစေပြီး မကောင်းတဲ့ ပိုးတွေကို သတ်ပေးနိုင်စွမ်း ရှိပါတယ်။ ကျောက်ကပ်ကို သိသိသာသာ ကောင်းကျိုးပြုစေပါတယ်။

ပျားရည်ကို သောက်သုံးရန် အကောင်းဆုံး အချိန်ကတော့ မနက်စောစော အိပ်ရာထချိန်ပါပဲ။ ဗိုက်ထဲမှာ ဘာအစာမှ မရှိတဲ့အချိန်ဟာ ပျားရည်သောက်ဖို့ အသင့်တော်ဆုံးအချိန်ပါ။ ဒါမှမဟုတ် အစာနဲ့ ဝေးဝေးမှာ သောက်ပေးပါ။ ညဘက်တွေမှာ သောက်မယ်ဆိုရင်တော့ ညစာနဲ့ ၂-၃နာရီ ကြားပြီး သောက်ပေးပါ။

ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး သောက်ပေးပါ။ အအေးမခံဘဲ ချက်ချင်းသောက်ပေးသင့်ပါတယ်။ ပျားရည်ကို ရေနွေးနဲ့ ဖျော်သောက်ပေးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေရုံမက အသားအရေလည်း ကြည်လင်သန့်စင်လာပါလိမ့်မယ်။

Credit: greatlifeandmore