မနက်စာဆိုတာ တစ်နေ့တာအတွက် အရေးကြီးဆုံးအစားအစာပါ။ မနက်စာမစားတာဟာ ကယ်လိုရီတွေကို သိုလှောင်ထားနိုင်သလို ဒါဟာ ကျန်းမာရေးနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍန်အတွက် မှားယွင်းတဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။
မနက်စာကဘာလို့ အရေးကြီးတာလဲ
မနက်စာကို ဘာလို့ နေ့တိုင်းစားသင့်သလဲဆိုတာကို ပြောပြပေးပါ့မယ်။
မနက်စာစားတာဟာ ခန္ဓာကိုယ်အတွက်သာမက ဦးနှောက်ကိုလည်း အစာကျွေးတာဖြစ်ပါတယ်။ မနက်စာပုံမှန်စားတဲ့ ကလေးတွေဟာ ကျောင်းတွေမှာ ပိုပြီး စာတော်တာတွေ့ရသလို အရွယ်ရောက်ပြီးတဲ့ သူတွေကလည်း အလုပ်မှာ ထူးချွန်ကြပါတယ်။ မနက်စာကိုစားပေးတာဟာ အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။
စွမ်းအင်များတိုးမြင့်လာခြင်း
Source: Weight Watchers
မနက်စာစားတာဟာ စွမ်းအင်တွေကို ပိုမိုပြည့်ဝစေပြီး ကိုယ်လက်လုပ်ရှားမှုတွေလည်း ပိုပြီးလုပ်နိုင်ပါတယ်။
ခံစားချက်၊စိတ်နေသဘောထားတွေ တိုးတက်လာခြင်း
မနက်စာစားတဲ့သူတွေဟာ ဦးနှောက်ထဲမှာရှိတဲ့ Serotonin (ဆီရိုတိုနင်) ဓါတ်ကို တိုးမြင့်စေတာကြောင့် စိတ်ခံစားမှုတွေ ကောင်းမွန်နေပါတယ်။ မနက်စာမစားရင်တော့ စိတ်တိုလွယ်နေတာ စိတ်အလိုမကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။
Source: Crowne Plaza Terrigal
ဆီးချိုရောဂါဖြစ်ပွားမှုအန္တာရာယ်ကို လျှော့ချပေးခြင်း
မနက်စာစားတဲ့သူတွေဟာ ဆီးချိုရောဂါဖြစ်ပွားမှု အန္တာရာယ်နည်းပါးပါတယ်။
Credit: healthnewz