ခရမ်းချဉ်သီးထဲမှာ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင် ကေ၊ ဗီတာမင် B5၊ ဗီတာမင် B3၊ ဗီတာမင် B6၊ ဗီတာမင် B7 နဲ့ ဗီတာမင်စီဓာတ်တို့ ကြွယ်ဝစုံလင်စွာပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်၊ သံဓာတ်၊ ပိုတက်စီဝမ်ဓာတ်၊ ခရိုမီယမ်ဓာတ်၊ ဇင့်နဲ့ ဖော့စဖရပ် စတဲ့ သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။ ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ Lycopene ဓာတ်ကတော့ အဓိက Antioxidants တစ်မျိုးဖြစ်ပြီး သူ့ကြောင့်ပဲ ခရမ်းချဉ်သီးကို နီနေရခြင်းဖြစ်ပါတယ်။

ခရမ်းချဉ်သီးထဲမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်ပြီး ကျန်တဲ့ ၅ ရာခိုင်နှုန်းကတော့ အမျှင်ဓာတ်နဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ပဲဖြစ်ပါတယ်။ ဒီလိုအာဟာရဓာတ်များ ပြည့်စုံစွာပါဝင်တဲ့ ခရမ်းချဉ်သီးကို တစ်နေ့တစ်လုံးမှန်မှန်စားတဲ့အခါ ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်မလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

နှလုံးသွေးကြော ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ခရမ်းချဉ်သီးရဲ့ အမျှင်ဓာတ်၊ ဗီတာမင်စီဓာတ်၊ ပိုတက်စီယမ်ဓာတ်နဲ့ Choline ဓာတ်တို့က နှလုံးကျန်းမာရေးကောင်းမွန်အောင် ကူညီထောက်ပံ့ ပေးတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သွေးလှည့်ပတ်မှုအားကောင်းပြီး သက်ဆိုင်ရာကိုယ်တွင်းအင်္ဂါများသို့ သွေးရောက်ရှိနိုင်ဖို့အတွက် ကူညီပေးပါတယ်။

ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ချပေးခြင်း

ခရမ်းချဉ်သီးမှာ ရေဓာတ်အများအပြားပါဝင်ပြီး ဓာတုဆေးသကြားများလည်း မပါဝင်တာကြောင့် တစ်နေ့တစ်လုံးမှန်မှန်စားပေးမယ်ဆိုရင် ဆီးချိုရောဂါကို ကာကွယ်ရာရောက်ပါတယ်။

အရိုးများကို ကျန်းမာသန်စွမ်းစေခြင်း

ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ Lycopene ခေါ် Antioxidants ဓာတ်က ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်ဓာတ်များ ညီညွှတ်မျှတနေအောင် ထိန်းသိမ်း ပေးထားတာကြောင့် အရိုးပွရောဂါ၊ အရိုးအားနည်းခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် အရိုးများ ဆုံးရှုံးရခြင်း စတဲ့ အရိုးနဲ့ ပတ်သက်တဲ့ရောဂါများ မခံစားရအောင် ကူညီပေးပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ခရမ်းချဉ်သီးရဲ့ Lycopene ဓာတ်က ကျန်းမာရေးအတွက် ဘယ်လောက်ထိ အထောက်အကူပြုလဲဆိုရင် အဆုတ်ကင်ဆာနဲ့ ပရော့စတိတ်ကင်ဆာ မဖြစ်ပွားအောင် ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များကို အမြစ်ကနေ တိုက်ထုတ်ပေးနိုင်ပါတယ်။

စိတ်လက် ကျန်းမာရွှင်လန်းစေခြင်း

ခရမ်းချဉ်သီးကို တစ်နေ့တစ်လုံး စားသုံးပေးခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်လက်ကျန်းမာစေတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ခရမ်းချဉ်သီးကို တစ်လတိတိ နေ့စဉ်မှန်မှန် စားသုံးပေးရုံမျှနဲ့ ကျန်းမာရေးအတွက် ဘယ်လောက်ထိအထောက်အကူပြုလဲဆိုတာကို သိပြီးသွားပြီ ဆိုတော့ အခုကစပြီး ခရမ်းချဉ်သီးကို မှန်မှန်စားသုံးလိုက်ကြရအောင်။

Source: Foodeatsafe.com