လူကြိုက်များတဲ့ သစ်သီးဝလံတွေထဲမှာ ပန်းသီးကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ပန်းသီးတစ်လုံးမှာ ကယ်လိုရီဓာတ် ၉၅ ရာခိုင်နှုန်းပဲ ပါဝင်တာကြောင့် ကိုယ်အလေးချိန်တက်မှာ စိုးရိမ်နေတဲ့သူတွေအတွက် စားသုံးသင့်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီ၊ ပိုတက်စီယမ်၊ ဗီတာမင် ကေ၊ အမျှင်ဓာတ်နဲ့ အခြားသတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

ပန်းသီးကို ဘာ့ကြောင့် တစ်နေ့တစ်လုံး မှန်မှန်စားသင့်လဲ၊ ပန်းသီးကို စားသုံးပေးခြင်းကြောင့် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရရှိနိုင်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

တရုတ်ဆေးပညာအရဆိုရင် ပန်းသီးက နှလုံးအားကောင်းအောင် ကူညီပေးပြီး ရေငတ်ပြေစေပြီး ခန္ဓာကိုယ်အတွက်လည်း ရေဓာတ်ဖြည့်ပေးပါတယ်။ ပန်းသီးထဲမှာ ပါဝင်တဲ့ပိုတက်ဆီဓာတ်က နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

အသားအရေလှပခြင်း

လေ့လာချက်များအရ ပန်းသီးကို တစ်နေ့တစ်လုံးစားပေးပါက အရေပြားပြဿနာများမှ ကင်းဝေးစေပြီး အသားအရေကို အမှန်တကယ် စိုပြေဝင်းပစေပါတယ်။

ကိုယ်အလေးချိန် ကျစေခြင်း

ဘရာဇီးနိုင်င်ငံက သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ ပန်းသီး မှန်မှန်စားသုံးတဲ့ အမျိုးသမီးက ပန်းသီးမစားတဲ့ အမျိုးသမီးထက် ကိုယ်အလေးချိန်ကို ၃၃ ရာခိုင်နှုန်းခန့် ပိုဝိတ်ကျစေနိုင်ပါတယ်။

အသက်ရှုအင်္ဂါအဖွဲ့အစည်းအတွက် ကောင်းမွန်ခြင်း

သုတေသနပညာရှင်များရဲ့ လေ့လာချက် ၂ ခုအရ တစ်ပတ်ကို ပန်းသီး ၅ လုံးခန့် စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကြပ်ကဲ့သို့ အသက်ရှုရခက်ခဲတဲ့ရောဂါများကို ဖယ်ရှားပေးပြီး အသက်ရှုလမ်းကြောင်းကို ပိုမိုကောင်းမွန်စေပါတယ်။

နည်းလမ်းမျိုးစုံ စားသုံးနိုင်ခြင်း

ပန်းသီးကို သစ်သီးအတိုင်းပဲ တကြွပ်ကြွပ် ဝါးစားချင်ပါသလား၊ ဒါမှမဟုတ် ရင်အေးသွားအောင် ပန်းသီးဖျော်ရည်လေးပဲဖြစ်ဖြစ် သောက်သုံးချင်ပါသလား။ ဘယ်လိုနည်းလမ်းမျိုးနဲ့ပဲ လုပ်စားစား အင်မတန်အရသာရှိတဲ့ သစ်သီးလေးပဲဖြစ်တာကြောင့် အချိန်မရွေး နေရာမရွေး စားသုံးနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်သော သစ်သီးလေးပဲဖြစ်ပါတယ်။

Source: realfoodforlife.com