သခွားသီးက ကလေးတွေရော လူကြီးတွေပါ ကြိုက်နှစ်သက်ကြတဲ့အသီးပါ။ အရသာကအေးမြမြလေးနဲ့ စားလို့ကောင်းတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ရေဓာတ်ဖြည့်တင်းပေး

ခန္ဓာကိုယ် ကျန်းမာနေဖို့ ရေဓာတ် က အရေးကြီးပါတယ်။ ဒါ့ကြောင့် ရေများများမသောက်တတ်တဲ့သူတွေက သခွားသီးများများစားပေးသင့်ပါတယ်။

သခွားသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်ပါတယ်။

အလှအပအတွက် ကောင်းမွန်

သခွားသီးမှာ Silica ဆိုတဲ့ ဓာတ်ပါဝင်တာကြောင့်အသားအရေကို ကြည်လင်ဝင်းပစေပြီး ဆံပင်နဲ့လက်သည်း ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

ဆာလဖာပါဝင်မှုများတာကြောင့် ဆံပင်ကို အရှည်မြန်စေပါတယ်။

သခွားသီးကို စားရုံတင်မကဘဲ အသားအရေအတွက် ပေါင်းတင်လို့လည်းရပါသေးတယ်။ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်က အမည်းစက်တွေ၊ ဆားဝက်ခြံတွေ၊ ဝက်ခြံတွေပေါ်မှာ မိနစ် ၂၀ လောက်ကပ်ထားပေးလို့ရပါတယ်။

အရက်နာကျတာကို သက်သာစေ

သခွားသီးမှာ ဗီတာမင် B ဓာတ် ပါဝင်မှုများတာကြောင့် ခေါင်းကိုက်တာနဲ့အရက်နာကျတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့် အရက်နာကျရင် မနက်အိပ်ရာနိုးတဲ့အချိန်မှာ သခွားသီး စားပေးသင့်ပါတယ်။

မျက်စိအားကောင်းစေ

သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးပေါ်တင်ထားရင် မျက်ခွံတွေရောင်တာကို လျော့ပါးစေပြီး မျက်အိတ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

သခွားသီးကို စားပေးရင်လည်း မျက်လုံးကိုကြည်လင်စေပြီး မျက်စိကိုအားကောင်းစေပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကျဆင်းစေပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်။ သွေးအတွင်း သကြားဓာတ်တွေကိုကျဆင်းစေပြီး ဆီးချိုကို သက်သာပျောက်ကင်းစေပါတယ်။