အရသာရှိတဲ့ အစားအစာတွေကို စားဖူးကြမှာပါ။ ပိန်းဥရော စားဖူးကြလား? မြန်မာနိုင်ငံမှာတော့ ပိန်းဥကို ချက်ပြီး စားကြသလို ပြုတ်လည်းစားကြပါတယ်။ ပိန်းဥကတော့ သရေစာ အဖြစ် ဆီနဲ့စား တို့ စားရပါတယ်။ အဲ့လို ခံတွင်းတွေ့စေတဲ့ ပိန်းဥမှာလည်း ကျန်းမာရေး အာနိသင်တွေ ရှိနေတယ်ဆိုတာ ဝမ်းမြောက်စွာ မျှဝေပါရစေ။
ပိန်းဥမှာ ၁၀၀ ဂရမ်မှာ ၁၁၂ ကယ်လိုရီပါဝင်ပြီး အာလူးထက် ကယ်လိုရီ ပါဝင်မှု ပိုများပါတယ်။ ဒီကယ်လိုရီတွေက Amylose နဲ့ Amylopectin လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကနေ ဖြစ်လာတာပါ။ ကယ်လိုရီပါဝင်မှု များပေမယ့် အဆီနဲ့ ပရိုတင်းဓာတ်တွေတော့ နည်းပါတယ်။ အမျှင်ဓာတ်တွေ အများကြီး ပါဝင်ပြီး ဗီတာမင် B6 နဲ့ ဗီတာမင်အုပ်စုတွေ ပါဝင်ပါတယ်။ အရေးကြီးတဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ သံဓာတ်တွေ ပါဝင်ပြီး ပိုတက်စီယမ်လည်း ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတွေကို ထိန်းပေးပါတယ်။
သွေးဖိအားနဲ့ နှလုံးကျန်းမာရေး
ပိန်းဥမှာ ဆိုဒီယမ်နဲနဲ ပါဝင်ပြီး အဆီဓာတ်နည်းနည်းသာ ပါဝင်ပါတယ်။ ဒါပေမယ့် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တွေဟာ သွေးဖိအားနဲ့ နှလုံးကျန်းမာရေးကို အဓိက ထိန်းချုပ်ပေးထားပါတယ်။
ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချနိုင်
ပိန်းဥမှာ ဗီတာမင် A ၊ ဗီတာမင် C နဲ့ တခြား Antioxidant တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကင်ဆာဖြစ်စေမယ့် free radical တွေကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်။
ဆီးချိုသမားများ အတွက် စားသုံးသင့်
အမျှင်ဓာတ်တွေ အများကြီး ပါဝင်တဲ့ ပိန်းဥမှာ သွေးထဲက သကြားဓာတ်ကို ပုံမှန်ဖြစ်စေပြီး အယ်ဆူလင်ဓာတ်ကို လှုံ့ဆော်ပေးပါတယ်။
ကိုယ်အလေးချိန် လျှော့ချနိုင်
အဆီဓာတ်တွေ အများကြီး မပါဝင်တဲ့ အတွက် ကိုယ်အလေးချိန် တက်မှာ စိတ်မပူရပါဘူး။ ပိန်းဥဟာ အလွယ်တကူ ဗိုက်ပြည့်စေတဲ့ အတွက် နောက်ထပ် အစာတွေကို စားဖို့ အလိုလို ဟန့်တားပြီးသား ဖြစ်သွားပါတယ်။
အရေပြား ကျန်းမာရေးအတွက် သင့်တော်
ပိန်းဥမှာ ဗီတာမင် A နဲ့ E ပါဝင်တဲ့ အတွက် အရေပြားအတွက် လျှို့ဝှက်ချက်ကောင်းတွေ ရှိနေပါတယ်။ ဗီတာမင်တွေဟာ ဆဲလ်အသေတွေကို ဖယ်ပြီး ဆဲလ်အသစ်တွေ ပြန်ဖြစ်ပေါ်စေတဲ့ အတွက် နုပျိုမှုကို ရစေပြီး အရေပြားကို ကြည်လင်စေနိုင်ပါတယ်။
Credit: zeenews