ဘောင်းဘီတိုတိုလေးတွေ ၊ ဂါဝန်တိုတိုလေးတွေ ဝတ်တဲ့အခါမှာ ကိုယ့်အသားအရေက လှပဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အသားအရေကို လှပဖြူစင် ချောမွတ်စေနိုင်တဲ့ လျို့ဝှက်ချက်များကို ဝေမျှချင်ပါတယ်။

15225160-1463560-209387-0-1500284297-1500284311-0-1501066126-0-1501068578-1501068580-650-1-1501068580-650-624ef94d07-1501092674

အာဟာရမျှတအောင် စားသုံးပါ

အစားအသောက်လျော့ပြီး ကိုယ်အလေးချိန်ကျအောင် လုပ်ရင်လည်း အသားအရေရဲ့ အလှအပကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အားကစားတစ်ခု လုပ်ရင်း ကိုယ်အလေးချိန်ကျအောင်လုပ်တာက ပိုကောင်းပါတယ်။

အသားအရေလှပအောင်ကလည်း ကိုယ်စားနေတဲ့အစားအစာမှာ အာဟာရမျှတဖို့က အရေးကြီးပါတယ်။

တစ်နေ့တာ အစားအစာတွေမှာ

  • ပရိုတင်း (အသား၊ အခွံမာအသီး၊ အသီးအနှံ)
  • Lecithin ဓာတ်(ကြက်ဥ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပဲပု်)
  • Fatty Acids (ငါး၊ သံလွင်ဆီ၊ ထောပတ်သီး နှင့် အခွံမာအသီး)
  • အဆီကိုလောင်ကျွမ်းနိုင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ (grapefruit)

15225210-1565360-92834703-0-1500285191-1500285202-0-1501066149-0-1501068640-0-1501079590-0-1501087013-1501087018-650-1-1501087018-650-624ef94d07-1501092674

ရေ

အသားအရေလှပဖို့အတွက် ရေက အဓိကကျပါတယ်။ တစ်နေ့ကို ရေ ၂ လီတာလောက် သောက်သုံးသင့်ပါတယ်။ ၂လီတာဆိုတာ ရေသီးသန့်ကို ပြောတာဖြစ်ပြီး ကော်ဖီ၊ လက်ဘက်ရည်နဲ့ တခြား အရည်တွေ သောက်တာကို ထည့်မတွက်ရပါဘူး။

15225260-1463860-3478956-0-1500285676-1500285705-0-1501066169-0-1501068790-1501068797-650-1-1501068797-650-624ef94d07-1501092674

အားကစားလုပ်ပေးပါ

သင် သုံးစွဲလိုက်တဲ့ ကယ်လိုရီတွေထက် သင်ပိုပြီး စားသုံးနေရင် သင့်ခန္ဓာကိုယ်မှာ အဆီတွေ စုလာပြီး အဆီတွေများလာရင် အသားအရေရဲ့ Cellulite တွေကို ထိခိုက်စေပြီး အသားအရေ လှတော့မှာမဟုတ်ပါဘူး။

ဒါကြောင့် အားကစားလုပ်ပြီး ခန္ဓာကိုယ်က ပိုနေတဲ့ ကယ်လိုရီတွေ အဆီတွေကို ချေဖျက်ပါ။ ဒီလို အဆီတွေနဲ့ ကယ်လိုရီတွေကို ကို ချေဖျက်ရာမှာ Cardio က ပိုပြီးသင့်လျော်ပါတယ်။ ထိုင်ထ၊ ကြိုးခုန်တာတွေက Cardio အမျိုးအစားထဲမှာပါဝင်ပြီး အေရိုးဗစ်လည်း ဆော့လို့ရပါတယ်။ ဒါကြောင့် gym တွေမှာဆိုရင် cardio ကစားတဲ့ ရက်သတ်သတ်မှတ်မှတ်နဲ့ လေ့ကျင့်ပေးတာဖြစ်ပါတယ်။