ထောပတ်သီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေအများကြီးပါဝင်သလို အာဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

ဗီတာမင် K ၊ ဖောလစ် အက်ဆစ်၊ ဗီတာမင်  C ၊ ဗီတာမင် B5 ၊ ပိုတက်ဆီယမ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် E တို့ ပါဝင်ပါတယ်။

ဗီတာမင် E က နှလုံးရောဂါကို ကာကွယ်ပေးပြီး ကိုလက်စထရောကိုလည်း လျော့ချပေးပြီး သွေးကြောတွေကိုလည်း ကျယ်စေပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးပြီး Free Radicals တွေကိုလည်း ဖယ်ရှားပေးပါတယ်။

အရိုးတွေကို သန်မာစေ၊ ကိုယ်ခံအားမြှင့်တင်ပေး၊ အမြင်အာရုံကို မြှင့်တင်ပေး၊ ဝမ်းပျက်ဝမ်းလျောတာကိုလည်း ကာကွယ်ပေးပါတယ်။

အူလမ်းကြောင်းထဲမှာ သန်ကောင်တွေရှိရင်

အူလမ်းကြောင်းထဲမှာ သန်ကောင်တွေရှိရင် ထောပတ်သီး အခွံ တစ်ခုလုံးကို ရေ ၁ ခွက်စာ (250 ml) နဲ့ ဖျော်သောက်လိုက်ပါ။

ဒယ်အိုး ထဲကို ရေ တစ်ခွက်လောက် လောင်းထည့်လိုက်ပါ။ ထောပတ်သီး အခွံကို ထည့်ပါ။ ၁၀ မိနစ်လောက် အပူပေးထားပါ။ မီးဖိုပေါ်ကနေ ချပြီး အအေးခံလိုက်ပါ။ ဗိုက်ထဲမှာ ဘာအစာမှ မရှိခင် သောက်ပါ။

အကြောပြတ်ရာတွေ လျော့ပါးဖို့

ကလေးမွေးပြီးရင် သို့ ကိုယ်အလေးချိန်တက်ပြီးမှ ကျရင် အကြောပြတ်ရာတွေ ကျန်နေခဲ့ပါတယ်။ အကြောပြတ်ရာတွေ လျော့ဖို့ဆိုရင် ထောပတ်သီးကို အသုံးပြုလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ်သီး ၁ လုံးရဲ့ တစ်ဝက်

သံပုရာ ဖျော်ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေကို ဇလုံတစ်လုံးထဲ ရောနယ်လိုက်ပါ။ အကြောပြတ်တဲ့နေရာတွေအပေါ်ကို စက်ဝိုင်းပုံစံလေးနဲ့ ပွတ်ပြီး သေချာလေး လိမ်းပေးပါ။ နာရီဝက်လောက် ထားထားပါ။

ရေနွေးနွေးနဲ့ ရေဆေးချလိုက်ပါ။