[Unicode]

အားလုံးပဲမဂ်လာပါနော်။ ဒီတခါမှာတော့ အလွယ်တကူလည်း ဝယ်လို့ရတယ်။ ဈေးလည်းအရမ်းမကြီးဘဲ လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်တဲ့ ငှက်ပျောသီးက စာဖတ်သူတို့ရဲ့ ကျန်းမာရေးကို များစွာအကျိုးပြုနေပါတယ်။

ဒီလိုကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ငှက်ပျောသီးမှာ စာဖတ်သူတို့အတွက် ဘယ်လိုအကျိုးပြုနေသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ငှက်ပျောသီးစားပေးရင် ကျန်းမာရေးနဲ့ပတ်သက်လို့ရရှိနိုင်မယ့် အကျိုးကျေးဇူး (၁၁) ခုကို မျှဝေပေးချင်ပါတယ်နော်။

၁။ အာဟာရဓာတ်တွေများစွာပါဝင်

ငှက်ပျောသီးက ကမ္ဘာပေါ်မှာ နာမည်ကျော်လူကြိုက်များတဲ့အသီးတစ်မျိုးပါ။

သူ့မှာ အဖိုးတန်လှတဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေပါတယ်။

ပိုတက်ဆီယမ် ၉ %

ဗီတာမင် B6 ၃၃ %

ဗီတာမင် စီ ၁၁ %

မဂ္ဂနီဆိယမ် ၈ %

ကြေးနီဓာတ် ၁၀ %

မဂ္ဂနစ် ၁၄ %

အမျှင်ဓာတ် ၃.၁ ဂရမ်

အဆီ ဝ.၄ ဂရမ် စတာတွေပါဝင်ပြီး ငှက်ပျောသီးတစ်လုံးမှာ ကယ်လိုရီပမာဏ ၁၀၅ ပဲပါဝင်လို့ ဝိတ်ချနေတဲ့မမတွေအတွက်လည်းသင့်တော်ပါတယ်နော်။

၂။ နှလုံးကျန်းမာရေး

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာက နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ငှက်ပျောသီးလို အမျှင်ဓာတ်များတဲ့ အသီးအနှံကိုစားပေးရင် နှလုံးကိုကျန်းမာစေပြီး နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ အစာချေစနစ်ကောင်းမွန်စေခြင်း

ဝမ်းချုပ်နေရင် ငှက်ပျောသီးစားလို့ ငယ်ငယ်က လူကြီးမိဘတွေက ညွှန်းပေးလေ့ရှိကြပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေတဲ့အမျှင်ဓာတ်ကြွယ်ဝတာမို့ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

၄။ သွေးဖိအားကောင်းမွန်စေခြင်း

ပိုတက်ဆီယမ်ဓာတ်ပါဝင်ပြီး ဆားဓာတ်ပါဝင်မှုနည်းတာမို့ သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။

၅။ ဗိုက်ပြည့်ပြီး အားပြည့်စေလို့ ကိုယ်အလေးချိန်လည်းကျစေနိုင်

ငှက်ပျောသီးစားလိုက်ရင် ဗိုက်ပြည့်ပြီး အားလည်းရှိစေတာကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူအတွက် သိပ်ကိုကောင်းမွန်ပါတယ်။ အစာစားချင်စိတ်ကိုလည်း လျှော့ချပေးပါတယ်။

၆။ ကျောက်ကပ်ကျန်းမာစေခြင်း

ငှက်ပျောသီးက သွေးဖိအားကိုထိန်းပေးနိုင်သလို ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်ပါဝင်တာကြောင့် ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ တစ်ပတ်ကို ငှက်ပျောသီး ၂-၃ ကြိမ်စားတဲ့သူတွေက ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို ၃၃ %  လျှော့ချပေးတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

[Zawgyi]

အားလံုးပဲမဂ္လာပါေနာ္။ ဒီတခါမွာေတာ့ အလြယ္တကူလည္း ဝယ္လို႔ရတယ္။ ေစ်းလည္းအရမ္းမႀကီးဘဲ လူတန္းစားမေရြး ဝယ္ယူစားသံုးႏိုင္တဲ့ ငွက္ေပ်ာသီးက စာဖတ္သူတို႔ရဲ႕ က်န္းမာေရးကို မ်ားစြာအက်ိဳးျပဳေနပါတယ္။

ဒီလိုက်န္းမာေ၇းအက်ိဳးေက်းဇူးမ်ားတဲ့ ငွက္ေပ်ာသီးမွာ စာဖတ္သူတို႔အတြက္ ဘယ္လိုအက်ိဳးျပဳေနသလဲဆိုတာကို မွ်ေဝေပးခ်င္ပါတယ္။

ငွက္ေပ်ာသီးစားေပးရင္ က်န္းမာေရးနဲ႔ပတ္သက္လို႔ရရွိႏိုင္မယ့္ အက်ိဳးေက်းဇဴး (၁၁) ခုကို မွ်ေဝေပးခ်င္ပါတယ္ေနာ္။

၁။ အာဟာရဓာတ္ေတြမ်ားစြာပါဝင္

ငွက္ေပ်ာသီးက ကမၻာေပၚမွာ နာမည္ေက်ာ္လူႀကိဳက္မ်ားတဲ့အသီးတစ္မ်ိဳးပါ။

သူ႕မွာ အဖိုးတန္လွတဲ့ အာဟာရဓာတ္ေတြမ်ားစြာပါဝင္ေနပါတယ္။

ပိုတက္ဆီယမ္ ၉ %

ဗီတာမင္ B6 ၃၃ %

ဗီတာမင္ စီ ၁၁ %

မဂၢနီဆိယမ္ ၈ %

ေၾကးနီဓာတ္ ၁၀ %

မဂၢနစ္ ၁၄ %

အမွ်င္ဓာတ္ ၃.၁ ဂရမ္

အဆီ ၀.၄ ဂရမ္ စတာေတြပါဝင္ၿပီး ငွက္ေပ်ာသီးတစ္လံုးမွာ ကယ္လိုရီပမာဏ ၁၀၅ ပဲပါဝင္လို႔ ဝိတ္ခ်ေနတဲ့မမေတြအတြက္လည္းသင့္ေတာ္ပါတယ္ေနာ္။

၂။ ႏွလံုးက်န္းမာေရး

အမွ်င္ဓာတ္ၾကြယ္ဝတဲ့အစားအစာက ႏွလံုးက်န္းမာေရးအတြက္ေကာင္းမြန္ပါတယ္။ ငွက္ေပ်ာသီးလို အမွ်င္ဓာတ္မ်ားတဲ့ အသီးအႏွံကိုစားေပးရင္ ႏွလံုးကိုက်န္းမာေစၿပီး ႏွလံုးေသြးေၾကာက်ဥ္းျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

၃။ အစာေခ်စနစ္ေကာင္းမြန္ေစျခင္း

ဝမ္းခ်ဳပ္ေနရင္ ငွက္ေပ်ာသီးစားလို႔ ငယ္ငယ္က လူႀကီးမိဘေတြက ညႊန္းေပးေလ့ရွိၾကပါတယ္။ အစာေခ်စနစ္ကိုေကာင္းမြန္ေစတဲ့အမွ်င္ဓာတ္ၾကြယ္ဝတာမို႔ အစာေခ်စနစ္ကို တိုးတက္ေကာင္းမြန္ေစပါတယ္။

၄။ ေသြးဖိအားေကာင္းမြန္ေစျခင္း

ပိုတက္ဆီယမ္ဓာတ္ပါဝင္ၿပီး ဆားဓာတ္ပါဝင္မႈနည္းတာမို႕ ေသြးဖိအားကို ထိန္းေပးႏိုင္ပါတယ္။

၅။ ဗုိက္ျပည့္ၿပီး အားျပည့္ေစလို႔ ကိုယ္အေလးခ်ိန္လည္းက်ေစႏိုင္

ငွက္ေပ်ာသီးစားလိုက္ရင္ ဗိုက္ျပည့္ၿပီး အားလည္းရွိေစတာေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေနသူအတြက္ သိပ္ကိုေကာင္းမြန္ပါတယ္။ အစာစားခ်င္စိတ္ကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

၆။ ေက်ာက္ကပ္က်န္းမာေစျခင္း

ငွက္ေပ်ာသီးက ေသြးဖိအားကိုထိန္းေပးႏိုင္သလို ေက်ာက္ကပ္ရဲ႕လုပ္ေဆာင္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။ ပိုတက္ဆီယမ္ပါဝင္တာေၾကာင့္ ေက်ာက္ကပ္ကို က်န္းမာေစပါတယ္။ တစ္ပတ္ကို ငွက္ေပ်ာသီး ၂-၃ ႀကိမ္စားတဲ့သူေတြက ေက်ာက္ကပ္ေရာဂါျဖစ္ပြားမႈကို ၃၃ %  ေလွ်ာ့ခ်ေပးတယ္လို႔ ေလ့လာေတြ႕ရွိခ်က္ေတြအရ သိရပါတယ္။