မနက်စာဟာ လူတစ်ယောက်အတွက် အရေးအကြီးဆုံး ဖြစ်သလို တစ်နေ့တာလုံး စိတ်နဲ့ကိုယ် အခြေအနေဟာ မနက်စာပေါ်မှာပဲ အများကြီး မူတည်နေတယ်လု့ိတောင် ပြောလို့ ရပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန် တက်ခြင်းကျခြင်းဟာလည်း မနက်စာနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အချို့ကလည်း မနက်စာကို ကော်ဖီလေးတစ်ခွက်ပဲသောက်တာပါ။
ဖျော်ရည်လေး တစ်ခွက်ပဲ သောက်တာပါ ဝိတ်တက်လာတယ်ဆိုတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒါဟာ မှားယွင်းပြီး အမှတ်မှားနေတဲ့ အစားအစာတွေကြောင့်ပါ။
၁။ မနက်စာ မစားခြင်း
Source: drsarasolomon.com
မနက်စာ စားခြင်းကြောင့် ကိုယ်အလေးချိန် တက်မှာစိုးရိမ်ပြီး မစားတာမျိုးတွေဟာ မှားယွင်းတဲ့ အယူအဆပါ။ အောင်မြင်သွားတဲ့ ဝိတ်ချသူတွေရဲ့ ၇၈%ဟာ မနက်စာကို နေ့တိုင်းစားခဲ့ကြတယ်ဆိုတဲ့ စစ်တမ်းတစ်ခု ရှိပါတယ်။ အဓိကကတော့ အာဟာရဖြစ်စေမယ့် အရာကို ရွေးချယ်စားဖို့ပါပဲ။ မနက်စာကို ကျော်သွားတဲ့ လူတွေဟာ ဆီးချိုနဲ့ နှလုံး ဖြစ်ပွားနိုင်ခြေ များကြောင်း သိရပါတယ်။ ကယ်လိုရီ ၄၀၀ ထက်မများတဲ့ မနက်စာတွေကို စားပေးပါ။
၂။ ဆိုင်က ဝယ်တဲ့ အသင့်လုပ်ထားတဲ့ Smoothies
Source: tiritas.es
မနက်စာကို Smoothies တော့ သောက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်မလုပ်အားတာကြောင့် ဆိုင်မှာ အသင့်လုပ်ပြီးသား Smoothies ကို ဝယ်သောက်မယ်ဆိုရင် ဝိတ်တက်စေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်တိုင်လုပ်သောက်ပြီး သကြားကို နည်းနိုင်သမျှ နည်းပါ။ နွားနို့၊ ဒိန်ချဉ်တို့နဲ့ သောက်ပါ။
၃။ ဖျော်ရည် – အချိုရည်
Source: Amigos Home Delivery Service In Peshawar
ကယ်လိုရီ နည်းနည်းပဲ ရစေချင်တဲ့ စိတ်နဲ့ အချိုရည်တွေကို မနက်ပိုင်းမှာ သောက်မိရင်တော့ သင့်ခါးဘေးပတ်လည်မှာ အဆီတွေ တက်လာစေပါလိမ့်မယ်။ ဖျော်ရည်သောက်ဖို့ လမ်းညွှန်ချက်တွေကို ကြည့်ပြီး အသင့်ဘူးတွေထဲမှာ ပါတဲ့ Juice တွေကို သောက်ရင်တော့ အချိုဓာတ်များပြီး လူကို ဒုက္ခပေးစေနိုင်ပါတယ်။ အသီးတွေကို ကိုယ်တိုင် ဖျော်သောက်တဲ့ ဖျော်ရည်ကိုပဲ သောက်ပေးပါ။ အချိုအနေနဲ့ နွားနို့ ၊ ဒိန်ချဉ်တွေကို ထည့်ပါ။
၄။ Egg Sandwiches
Source: Delish.com
ကြက်ဥဆန်းဒစ်ဝ်ချ်ဟာ နာမည်ကြီးတဲ့ မနက်စာ တစ်ခုပါ။ ကြော်ထားတဲ့ ကြက်ဥ၊ ဂျုံ၊ ချိစ်၊ ပေါင်မုန့်တွေနဲ့ လွယ်လွယ်ကူကူ ပြုလုပ်လို့ ရတဲ့ မုန့်ပါ။ ဒါပေမယ့် ကြက်ဥနှစ်လုံး ကြော်ပြီး အသားပါ ထည့်လိုက်မယ်ဆိုရင်တော့ အဆီတက်လာစေမယ့် အစားအစာ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ကြက်ဥတစ်လုံးပဲ ထည့်စားပါ။
၅။ ထမင်းကြော်နဲ့ဟင်း
Source: Serious Eats
မနက်စာကို မြန်မာတွေ အစားများတဲ့ ထမင်းကြော်၊ မုန့်ဟင်းခါးတို့ဟာ အိမ်မှာ ချက်စားမယ်ဆိုရင်တော့ မကောင်းတဲ့ အဆီတွေကို သက်သာစေနိုင်ပေမယ့် အပြင်မှာ စားမယ်ဆိုရင်တော့ ဆီမသန့်၊ အချိုမှုန့်တွေဟာ သင့်ကို မကောင်းတဲ့ ကိုလက်စထရောတွေ များလာစေနိုင်ပါတယ်။ ဒါကြောင့် ထမင်းကြော် အိမ်မှာ ကြော်စားပြီး တတ်နိုင်သမျှ ဆီလျှော့ဖို့ သတိထားပါ။
Source: livestrong