ဆီးချိုရောဂါရှိသူတွေအတွက် အစားအသာက်အလေ့အထက ကျန်းမာတဲ့လူမှုဘဝပုံစံအတွက် အရေးကြီးဆုံး ကဏ္ဍတွေထဲကမှ တစ်ခုပါ။ အစားမတော်တစ်လုပ်ဆိုသလို တချို့အစားအစာတွေက ဆီးချိုရောဂါ ရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်ကို တိုးစေတာကြောင့်  ဆီးချိုရောဂါအတွက် ဆိုးဝါးစေတဲ့ အစားအစာတွေကို သတိထားပြီး ရှောင်ကြဥ်သင့်ပါတယ်။

ထမင်းဖြူ

ထမင်းဖြူကို မကြာခဏစားတာ ပမာဏများများစားတာတွေက သွေးတွင်းဂလူးကို့စ်ကို သိသိသာသာ မြှင့်တက်စေတာကြောင့် ထမင်းကြိုက်ရင် ဆန်လုံးညိုပြောင်းစားသင့်ပါတယ်။

အာလူး

အာလူးဟာ သဘာဝ အသီးအရွက်ဖြစ်ပေမယ့် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ စုပ်ယူနိုင်သောကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

KETCHUP

KETCHUP ဟာ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပေမယ့်လည်း သူ့ရဲ့ပါဝင်ပစ္စည်းတွေက သွေးတွင်းသကြားဓာတ်အဆင့်ကို ဆိုးရွားစွာအကျိုးသက်ရောက်စေတာကြောင့် သွေးတွင်းဂလူးကို့စ်ကို မြင့်တတ်စေပါတယ်။

သစ်သီးဖျော်ရည်

သွေးတွင်းသကြားဓာတ်ကို ထိန်းထားဖို့ အတွက်ဆိုရင်တော့ သစ်သီးဖျော်ရည်တွေကို ရှောင်ရှားသင့်ပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓာတ် ကျတဲ့အချိန်တွေမှာ  မြန်မြန်တက်ဖို့ဆိုရင်တော့ သစ်သီးဖျော်ရည်က အသင့်တော်ဆုံးပါပဲ။

အားဖြည့်အချိုရည်

အားဖြည့်အချိုရည်တွေဟာ သကြားအများကြီးပါဝင်ပြီး အာဟာရပါဝင်မှုက နည်းပါတာကြောင့် ဆီးချိုရောဂါအတွက် တကယ့်ကို မသောက်သုံးသင့်တဲ့ အချိုရည်တွေပါ။

အာလူးချောင်းကြော်

အာလူးကိုယ်တိုင်က ကာဗိုဟိုက်ဒရိတ် မြင့်မားနေတဲ့အပြင် အခွံခွာပြီးဆီနဲ့ကြော်လိုက်တဲ့အခါ င့်သွေးတွင်းသကြားဓာတ်ပမာဏကို ပိုပြီး မြင့်တတ်စေပါတယ်။

အဖြူရောင်ပေါင်မုန့်

အဖြူရောင်ပေါင်မုန့်တွေမှာ ကစီဓာတ်တွေအပြည့်အဝပါဝင်ပြီး  အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို သိသိသာသာ တိုးမြင့်စေနိုင်ပါတယ်။