တချိုု့ အစားအစာတွေက သွားတွေမှာ သွားချေးလွှာများများဖြစ်စေပါတယ်။ သွားချေးလွှာမှာ ဘက်တီးရီးယားတွေပါဝင်နေပြီး သွားတွေကို ပျက်စီးစေပါတယ်။

သကြားများတဲ့ အစားအစာတွေ စားသုံးပြီးရင် သကြားက ဘက်တီးရီးယားတွေဖြစ်စေနိုင်ပြီး အက်ဆစ်တွေထုတ်လွှတ်ကာ သွားကြွေလွှာတွေကို ထိခိုက်စေပါတယ်။

သွားကြွေလွှာတွေပျက်စီးပြီး သွားအခေါင်းပေါက်တွေဖြစ်လာပါတယ်။ ဒီလို သွားအခေါင်းပေါက်ဖြစ်လာတဲ့ ပြဿနာကို အသက် ၆ နှစ်ကနေ ၁၉ နှစ်အရွယ်အတွင်းမှာ အဖြစ်များပါတယ်။

ချိုချဉ် သကြားလုံးများ

ချိုချဉ် သကြားလုံးက ခံတွင်းအတွက် ဆိုးပါတယ်။ ချိုချဉ်သကြားလုံးမှာ အက်ဆစ်ဓာတ်တွေပါဝင်မှုများပြီး သွားတွေမှာလည်း အချိန်အကြာကြီးကပ်နေနိုင်ပါတယ်။ ဒါ့ကြောင့်သွားကို ပိုပြီး ပျက်စီးနိုင်ပါတယ်။ ဒီလို ချိုချဉ် သကြားလုံးတွေစားပြီး သွားပြန်တိုက်ပါ။

ပေါင်မုန့်

ပေါင်မုန့်ကို ဝါးလိုက်တဲ့အခါမှာတံတွေးတွေက ကစီဓာတ်ကနေ သကြားဓာတ်ကိုပြောင်းသွားအောင်လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် ပေါင်မုန့်တွေက သွားမှာ ကပ်တတ်ပါတယ်။ ဒါတွေက သွားအခေါင်းပေါက်ကိုဖြစ်စေပါတယ်။

အရက်

အရက်သောက်နေချိန်မှာ အာခေါင်ခြောက်တာကို သတိထားမိမှာပါ။ အာခေါင်ခြောက်တယ်ဆိုတာ ပါးစပ်ထဲမှာ တံတွေးမရှိတာဖြစ်ပါတယ်။ တံတွေးတွေက သွားတွေမှာ အစားအသောက်တွေ မကပ်အောင်ကာကွယ်ပေးပြီး အစားအသောက်အမှုန်တွေကို ရှင်းထုတ်ပေးပါတယ်။

အရက်သောက်ရင် ခံတွင်းခြောက်ကာ အစားအသောက်တွေကို သွားမှာပိုကပ်စေပြီး သွားကို ပျက်စီးစေပါတယ်။

ဒါ့ကြောင့် အရက်သောက်နေတုန်း ရေများများ သောက်ပေးပါ။

ရေခဲ

ရေခဲတွေက ဝါးစားလို့ကောင်းတယ် ဟုတ်။ ဒါပေမယ့် ရေခဲက မာကြောတာကြောင့် ရေခဲကို ကိုက်တာများရင် သွားတွေကို အက်ကွဲတာတွေ ဖြစ်စေပါတယ်။

ကာဗိုဟိုက်ဒရိတ် အချိုရည်များ

ဆိုဒါအချိုရည်တွေက သွားတွေကို ပျက်စီးထိခိုက်စေပါတယ်။ ကာဗိုဟိုက်ဒရိတ်ဆိုဒါက အက်ဆစ်တွေပိုထွက်စေပြီး သွားကြွေလွှာတွေကို ပျက်စီးစေပါတယ်။

အာလူးကြော်

အာလူးကြော်မှာ ကစီဓာတ်တွေပါဝင်မှုများပြီး ဒီဓာတ်တွေက တံတွေးနဲ့တွေ့တဲ့အခါမှာ သကြားဓာတ်ပြောင်းလဲသွားပါတယ်။ အာလူးကြော်ရဲ့အပိုင်းအစတွေက သွားတွေမှာကပ်ကျန်ခဲ့တဲ့ သွားကြားထဲက ဘက်တီရီးယားတွေကို အစာကြွေးရာတောင် ရောက်ပါတယ်။

Featured Image Source: Kinderling Kids Radio