အသည်းက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ပေးနေရပြီး ၁ မိနစ်တိုင်း သွေး ၁ လီတာကို စစ်ထုတ်ပေးနေရပါတယ်။

ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ သွေးထုတ်လုပ်မှုရဲ့ ၁၃ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတုပစ္စည်း ၁သောင်း ၃ ထောင်ကျော်ကို ထုတ်လုပ်ပေးပြီး အင်ဇိုင်း ၂ ထောင်ကျော်ကို ထိန်းချုပ်ပေးပါတယ်။

ဒါ့ကြောင့် ကျန်းမာတဲ့ဘဝကို ရရှိဖို့ အသည်းကျန်းမာနေဖို့ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပူစီနံ ရွက် လက်တစ်ဆုပ်စာ

သံပုရာသီး

လိမ္မော်သီး

ရေ

ပြုလုပ်နည်း

ရေ ၂ လီတာကို အိုးတစ်အိုးထဲထည့်ပါ။ ပူစီနံရွက် လက်တစ်ဆုပ်စာကို အိုးထဲထည့်ပြီး ၅ မိနစ်လောက် တည်ထားပါ။ ပြီးရင် အိုးပေါ်ကချပြီး အအေးခံထားပါ။

သံပုရာသီးနဲ့ လိမ္မော်သီးတို့ကို ညှစ်ထုတ်ပြီး သံပုရာသီးနဲ့ လိမ္မော်သီး စားပွဲတင်ဇွန်း ၁ ဇွန်းစီကို ခွက်ထဲထည့်ပါ။ ချိုအောင် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောပါ။

ခုနက ပူစီနံ သံပုရာသီးနဲ့ လိမ္မော်သီး ညှစ်ထားတဲ့ခွက်ထဲထည့်ပါ။ ဒီဖျော်ရည်ကို တစ်ပတ်ကို တစ်ခါသောက်ရင် အသည်းမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။