သင့် ခန္ဓာကိုယ်က သင့်အသက်နဲ့နှိုင်းယှဉ်ပြီး အရမ်းကို ကြီးနေပြီ၊ အိုမင်းနေပြီလို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် သင့်ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေက အချိန်နဲ့ တပြေးညီ ပြန်လည် မွေးဖွားတာ၊ အဆင့်မြှင့်တင်မှုတွေပြုလုပ်နေကြတာ သင်သိပါသလား။

ဆံပင်

သန်စွမ်းတောက်ပြောင်တဲ့ ဆံသားရရှိဖို့

ဆံပင်ကျွတ်တာကို တွေ့ကြုံဖူးမှာပါ။ ဆံပင်တွေက ၂ နှစ်ကနေ ၇ နှစ်ကြားမှာဘဲ သက်တမ်းရှိပြီး၊ သက်တမ်းကုန်သွားရင် ကျွတ်သွားကာ အသစ်ပြန်ပေါက်ပါတယ်။ ဒါကြောင့် သင့်ခေါင်းမှာ အသစ်ပြန်ပေါက်တဲ့ ဆံပင်တွေ နေ့တိုင်းရှိနေတာပါ။

 

လက်သည်း၊ ခြေသည်း

လက်သည်း၊ခြေသည်းတွေကလည်း အမြဲလိုလို အသစ်ထွက်လာတာကြောင့် တချိန်လုံး ညှပ်ပေးနေရပါတယ်။

 

၂ ရက်ကနေ ၉ ရက်။ ။အစာအိမ်မှာရှိတဲ့ လိုင်းများ

အစာအိမ်မှာရှိတဲ့ အလိုင်းများက အက်ဆစ်နဲ့ ထိတွေ့မှုတွေရှိတာကြောင့် ရက်အနည်းငယ်အတွင်းမှာ အသစ်တွေပြန်လည် မွေးဖွားလာပါတယ်။

၇ ရက်။ ။ အရသာခံတဲ့ အဖုလေးတွေ

အရသာခံတဲ့ အဖုလေးတွေမှာ အာရုံခံ ဆဲလ်ပေါင်း ၁၀ ကနေ ၅၀ အကြားရှိပြီး ၁ပတ်ကို ၁ ခါ အသစ်ပြန်ဖြစ်ပါတယ်။

၂ပတ်ကနေ ၃ ပတ်။ ။ အဆုတ်

Lungs

၂ ပတ်ကနေ ၄ ပတ်။ ။ သင့်ရဲ့ အပေါ်ယံ အရေပြား အသစ်ပြန်ဖြစ်

၄လ။ ။ သွေးနီဥဆဲလ်များ

တစ်မိနစ်မှာ သွေးနီဥဆဲလ်ပေါင်း သန်း ၁၀၀ မွေးဖွားနေပြီး သန်း ၁၀၀ ပျက်စီးနေပါတယ်။

၁၀ နှစ်။ ။ အရိုး

၁၅ နှစ်။ ။ ကြွက်သား

၂၅ နှစ်။ ။ အဆီဆဲလ်များ

မျက်လုံးရဲ့ မှန်ဘီလူး၊ ဦးနှောက်နဲ့ နှလုံး တစ်ခြမ်းကတော့ မွေးကတည်းကနေ သေတဲ့အထိ ရှိနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ပါတယ်။