အာလူးတွေက အာဟာရပြည့်ဝသလို အရသာလည်းရှိပါတယ်။ ဒါပေမယ့် အခွံခွာရတာတော့ လက်ဝင်လှပါတယ်။

ဒါ့ကြောင့် အချိန်အကြာကြီး မီးဖိုခန်းထဲမှာ အာလူးခွာတဲ့အချိန်ကို သက်သာစေဖို့ အာလူးခွာတဲ့နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

အရင်ဆုံး အာလူးကို စဉ့်တီတုံးပေါ်တင်လိုက်ပါ။ ပြီးရင် အာလူးအခွံကို ဓားထိပ်နဲ့ အာလူးရဲ့ အလယ်ကနေ အာလူးတစ်ခုလုံး ပါးပါးလေးလှီးလိုက်ပါ။ အသားထဲအထိ အနက်ကြီးလှီးစရာမလိုဘဲ အခွံပြတ်ရုံလောက်ဆိုရပါပြီ။

ပြီးရင် ရေနွေးအိုးထဲထည့်ပြီး ပွက်ပွက်ဆူတဲ့အထိ ပြုတ်လိုက်ပါ။ အာလူးကို ပြန်ဆယ်လိုက်ပြီး ထိပ်နဲ့ အမြီးနဲ့ ဆွဲချွတ်လိုက်ရုံနဲ့ အာလူးအခွံကျွတ်သွားပါပြီ။

ဒီနည်းနဲ့ အချိန်ကုန်သက်သာပြီး အာလူးအသားတွေ အလေအလွှင့်မဖြစ်အောင်ကူညီပေးပါတယ်။

Featured Image Source: thecookful.com