မျိုးရိုးဗီဇ၊ ဇီဝကမ္မဖြစ်စဉ်အားကောင်းမှုနဲ့ အစားစားတာနည်းမှုတွေကြောင့် ပိန်ပိန်လေးတွေဖြစ်နေတဲ့သူတွေလည်း ရှိပါတယ်။

ဒါ့ကြောင့် သဘာဝနည်းနဲ့ကိုယ်အလေးချိန် တက်စေမယ့် နည်းလမ်းများကို ဝေမျှချင်ပါတယ်။

ကြက်ဥ Omelet ကြော်

ကြက်ဥမှာ ကယ်လိုရီတွေနဲ့ ကျန်းမာရေးအတွက်အားကောင်းတဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ အဲ့ဒီအပြင် ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကြွက်သားတွေတည်ဆောက်ရာမှာ အကျိုးရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန်တက်စေမှာပါ။

ပါဝင်ပစ္စည်းများ

ကြက်ဥ ၂ လုံး

အာလူး ၁ လုံး

မုန်လာဥနီ ၂ လုံး

ကြက်သွန်နီ ၁ လုံး

ဆား အနည်းငယ်

ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

ဇီယာ စေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ဒယ်အိုးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း၁ ဇွန်းကိုထည့်ပြီး အရည်ပျော်အောင်လုပ်ပါ။

ဇီယာစေ့ကိုပါ ဒယ်အိုးထဲထည့်ပြီး ပေါက်သွားအောင်လုပ်ပါ။

လှီးထားတဲ့ ကြက်သွန်နီကို ထည့်ပြီး အညိုရောင်ပြောင်းသွားအောင် ကြော်ပါ။

လှီးထားတဲ့ အာလူးကိုပါထည့်ပြီး ရွှေညိုရောင် ပြောင်းသွားအောင် ကြော်ပါ။

ကြက်ဥကို ခွက်တစ်လုံးထဲထည့်ပြီး ဆားထည့်ကာ မွှေပါ။

ကြော်ထားတဲ့ ကြက်သွန်နီ၊ အာလူးတို့ကို ကြက်ဥထဲရောမွှေပြီး မုန်လာဥနီ၊ နံနံပင်တို့ကိုထည့်ပါ။

ပြီးရင် ဒယ်အိုးထဲထည့်ကြော်ပါ။ ကျန်နေတဲ့ ထောပတ်ကို ကြက်ဥအပေါ်မှာ ဖြူးထည့်လိုက်ပါ။

ကြက်ဥ Omelet ကြော်ကို စားသုံးလို့ရပါပြီ။