ယင်နားစာများ မစားသင့်ဘူးလို့ ငယ်စဉ်အရွယ်ကတည်းက ကျောင်းသင်ခန်းစာတွေမှာ သင်ကြားခဲ့ရဖူးမှာပါ။ ယင်နားစာများ စားသုံးခြင်းက ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အခြားအူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားရနိုင်ပြီး ကျန်းမာရေးထိခိုက်စေလို့ပါပဲ။

ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါများ မခံစားရဘဲ ဒေါင်ဒေါင်မြည်ကျန်းမာနေဖို့အတွက် ယင်ကောင်နဲ့ ပိုးလောင်းများကို သင့် အစားအစာနား မကပ်အောင် ဘယ်လိုအိမ်တွင်းနည်းလမ်းတွေနဲ့ နှင်ထုတ်လို့ရမလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

ပန်းသီးရှာလကာရည်

ဒီနည်းလမ်းအသုံးပြုဖို့ဆိုရင် ပန်းကန်လုံးတစ်လုံး၊ ပန်းသီးရှာလကာရည် ပန်းကန်လုံးတစ်ဝက်ခန့်၊ ပလပ်စတစ်အိတ်နဲ့ သားရေကွင်း တစ်ပင်တို့လိုအပ်ပါမယ်။ ပန်းကန်လုံးထဲသို့ ပန်းသီးရှာလကာရည်များထည့်ပြီး ထိုပန်းကန်လုံးကို ပလပ်စတစ်အိတ်နဲ့ ပိတ်လိုက်ကာ ပိုပြီးလုံခြုံစိတ်ချရဖို့အတွက် သားရေကွင်းနဲ့ ထပ်စည်းနှောင်ပြီး အလုံပိတ်လိုက်ပါ။ ထိုပလပ်စတစ်အိတ်ကို အပ်တစ်ချောင်းဖြင့် အပေါက်ဖောက်လိုက်ပါ။ ထို့နောက် ယင်မနားစေချင်တဲ့ အစားအစာနားမှာ ထားထားလိုက်ပါ။ ယင်ကောင်နဲ့ အခြားပိုးကောင်များ လာမှာမဟုတ်တော့ပါဘူး။

ဝိုင်နီ

လိုအပ်မယ့်ပစ္စည်းတွေကတော့ ဝိုင်နီ ၆၀ မီလီလီတာခန့်၊ ပန်းကန်လုံးတစ်လုံး (သို့) ဖန်ခွက်၊ ပလပ်စတစ်အပိတ်၊ သားရေကွင်း တစ်ပင်နဲ့ ဆပ်ပြာအရည် တစ်စက်တို့ပဲဖြစ်ပါတယ်။ ဖန်ခွက်ထဲသို့ ဝိုင်နီထည့်ပြီးနောက် ဆပ်ပြာရည်ထပ်ထည့်လိုက်ပါ။ ဖန်ခွက်ကို ပလပ်စတစ်အပိတ်ဖြင့် ပိတ်လိုက်ပြီး သားရေကွင်းနဲ့ လုံအောင် ထပ်ပိတ်လိုက်ပါ။ ထို့နောက် အပ်တစ်ချောင်းဖြင့် အပေါက်သေးသေးလေးဖောက်ပြီး ယင်မနားစေချင်တဲ့ အစားအစာနား ထားထားလိုက်ပါ။

ပန်းသီးနှင့် လေးညှင်းပွင့်

တတိယမြောက်နည်းလမ်းလေးကတော့ ပန်းသီးမှည့်တစ်လုံးနဲ့ လေးညှင်းပွင့် ၃၀၊ ၃၅ ပွင့်ခန့်တို့ လိုအပ်ပါမယ်။ ပန်းသီးမှည့်တစ်လုံးထဲသို့ လေးညှင်းပွင့်များ ထိုးစိုက်ပေးလိုက်ပါ။ ပန်းသီးကို အခွံခွာစရာမလိုပါဘူး။ လေးညှင်းပွင့်များ ကပ်နေတဲ့ ပန်းသီးကို ယင်ကောင်တွေ သောင်းကျန်းတဲ့နေရာမှာ ထားထားပေးလိုက်ပါ။ ယင်ကောင်တွေ အနားတောင် ကပ်ရဲမှာမဟုတ်တော့ပါဘူး။

Source: stylecraze.com