အစားအစာများကို ကြာရှည်ခံဖို့အတွက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားရမယ်ဆိုတဲ့ အယူအဆက အမြဲတမ်းတော့ မမှန်ကန်ပါဘူး။ အချို့သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို ရေခဲသေတ္တာထဲ ထည့်ထားသင့်ပေမယ့် အခုဖော်ပြမယ့် အစားအစာ (၄) မျိုးကိုတော့ ရေခဲသေတ္တာထဲ လုံးဝ မထည့်ထားသင့်ပါဘူး။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးများ ကြာကြာအထားခံဖိုပအတွက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားသင့်တယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ခရမ်းချဉ်သီးများက အေးတဲ့အခါ သူတို့ရဲ့အရသာ ပျက်ပြယ်သွားတတ်ပါတယ်။ အခန်းအပူချိန်အတိုင်း အပြင်မှာ ထားထားတဲ့အခါ ခရမ်းချဉ်သီးများက မှည့်လွယ်ပြီး အရည်ရွှမ်းရွှမ်းနဲ့ ပိုစားကောင်းပါတယ်။

အာလူး

အာလူးကို ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့အခါ ရေခဲသေတ္တာရဲ့ အအေးဓာတ်က အာလူးရဲ့ကစီဓာတ်ကို သကြားဓာတ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ရလဒ်အနေနဲ့ သင့်ရဲ့ဟင်းလျာက အရသာပြောင်းလဲသွားပါလိမ့်မယ်။

အာလူးကို သိမ်းဆည်းထားဖို့အသင့်တော်ဆုံးနေရာကတော့ မှောင်ပြီး ခြောက်သွေ့တဲ့နေရာပဲဖြစ်ပါတယ်။ အရမ်းပူလွန်းတဲ့နေရာမှာ ထားမယ်ဆိုရင်တော့ သင့်ရဲ့အာလူးက အဆိပ်အတောက်များ ထုတ်လွှတ်တတ်ပါတယ်။

ပျားရည်

ပျားရည်က ဘယ်တော့မှ မပုပ်သိုးတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ သူ့ကို လေလုံတဲ့ အလုံပိတ်ဘူးထဲမှာ ထည့်သိမ်းထားရုံဖြင့် လုံလောက်ပါပြီ။ ရေခဲသေတ္တာထဲ မထည့်ပါနဲ့တော့။

ကော်ဖီ

အနံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ကော်ဖီတစ်ခွက် သောက်သုံးချင်တယ်ဆိုရင်တော့ သင့်ရဲ့ကော်ဖီကို ရေခဲသေတ္တာထဲ ထည့်မသိမ်းထားပါနဲ့။ အလုံပိတ်ဖန်ဘူးထဲ ထည့်ထားပြီး နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပေးရပါမယ်။

Source: Ohmymag.co.uk