တချို့တွေက ကြက်ဥကိုဖောက်တဲ့အခါမှာ အနှစ်သက်သက် အကာသက်သက် မခွဲတတ်ကြပါဘူး။ ခွဲလိုက်ရင်လည်း အနှစ်တွေပြုတ်ကျပြီး ရောသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အနှစ်သက်သက် အကာသက်သက်ခွဲတဲ့အခါမှာ လွယ်လွယ်ကူကူခွဲလို့ရမယ့် နည်းလမ်းလေးမျိုးကို မျှဝေပေးလိုက်ပါတယ်။

ပထမနည်းကတော့ ရေသန့်ဘူးကိုသုံးပြီး ခွဲတာပါ။ ကြက်ဥကို အနှစ်တွေမပေါက်အောင် ပန်းကန်ထဲ ဖောက်ထည့်လိုက်ပါ။ ပြီးရင်တော့ အနှစ်တွေကို ပုံမှာပြထားတဲ့အတိုင်း ရေသန့်ဘူးနဲ့ စုပ်ထုပ်လိုက်ရင် ရပါပြီ။

ဒုတိယနည်းကတော့ အပေါက်တွေပါတဲ့ဇွန်းကိုသုံးပြီး ခွဲမှာပါ။ ပန်းကန်ပြားခံပြီး ကြက်ဥကို အပေါက်ပါတဲ့ဇွန်းထဲ ဖောက်ချလိုက်မယ်ဆိုရင်တော့ အောက်ခံထားတဲ့ပန်းကန်ထဲကို အကာရည်တွေကျသွားပြီး ဇွန်းထဲမှာ အနှစ်ပဲကျန်ခဲ့မှာပါ။ ဇကာကိုသုံးပြီးတော့လည်း ပြုလုပ်နိုင်ပါသေးတယ်။

တတိယနည်းကတော့ လက်ကိုသုံးပြီးခွဲတာပါ။ ပန်းကန်ပြားပြီး အောက်ကခံပြီး လက်ဖဝါးတစ်ဖက်ထဲကို ကြက်ဥဖောက်ထည့်လိုက်မယ်ဆိုရင်တော့ အကာတွေက ပန်းကန်ထဲကျသွားပြီး အနှစ်ပဲလက်ထဲမှာ ကျန်ခဲ့မှာပါ။

နောက်ဆုံးနည်းကတော့ ကြက်ဥအခွံနဲ့ပဲခွဲမှာပါ။ ကြက်ဥကိုဖောက်ပြီး အခွံနဲ့ အနှစ်ကို ဟိုဘက်ပို့လိုက်၊ ဒီဘက်ပို့လိုက်လုပ်ပေးမယ်ဆိုရင်တော့ ကြက်ဥအကာတွေ ပန်းကန်ထဲကျသွားပြီး အနှစ်ပဲ ကျန်ခဲ့မှာပါ။ ဒီနည်းကတော့ သေချာမလုပ်တတ်ရင် အနှစ်တွေပြုတ်ကျသွားတတ်ပါတယ်။

အခုပြောပြပေးသွားတဲ့နည်းလမ်းတွေကိုကြည့်ပြီး ကြက်ဥအနှစ်နဲ့ အကာကို သက်သက်စီခွဲတတ်သွားမယ်လို့ ထင်ပါတယ်။

Photo Source: www.kingofperfection.com