လူသားအားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုလိုချင်ကြပါတယ်။ ဒါ့ကြောင့်လည်း ကျန်းမာရေးကို ဂရုစိုက်ကြရတာပါ။ သွေးတိုးတာ သွေးကြောပိတ်တာတွေကို သက်သာစေဖို့အတွက် သဘာဝဆေးနည်းကို မျှဝေပေးချင်ပါတယ်။
သွေးကြောပိတ်တာဟာ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးကြောပိတ်တာကို ဖြေရှင်းဖို့လိုပါတယ်။ ဒါ့အပြင် ဒီသဘာဝဆေးဟာ အအေးမိဖျားနာတာနဲ့ တခြားကူးစက်ရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- ရေ ၂ လီတာ
- ကြက်သွန်ဖြူ ၄ မွှာ
- သံပုယိုသီး ၄ လုံး (အခွံမနွှာပါနှင့်)
- ဂျင်း ၁ လက်မ ခွဲ
ပြုလုပ်နည်း
ကြက်သွန်ဖြူကို အခွံနွှာပြီး ပါးပါးလှီးပါ။ သံပုယိုသီးကို အခွံမနွှာဘဲ ပါးပါးလှီးလိုက်ပါ။
ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီးဖျော်ပါ။ ဂျင်းကိုလည်း ပါးပါးလှီးထည့်ပြီး ဖျော်စက်ကိုလှည့်လိုက်ပါ။ အခုတော့ ရေ ၂ လီတာကို အိုးထဲထည့်ပြီး စူအောင်သည်ပါမယ်။
ပြီးရင် စူနေတဲ့ရေထဲကို စောစောက ကြိတ်ထားတဲ့အရာတွေကို ထည့်လိုက်ပါ။ အပူရှိန်လျှော့ပြီး ၅ မိနစ် ၁၀ မိနစ်လောက် တည်ပါ။
ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။
ပြီးရင် အဲဒီအရည်ကို သေချာမွှေပေးပြီး ခရားတစ်လုံးထဲထည့်ကာ ရေခဲသေတ္တာထဲထည့်ထားပါ။ တစ်နေ့ကို ၂ ကြိမ် စားပွဲတင်ဇွန်း ၂ ဇွန်းစာ သောက်ပေးပါ။ အစာမစားခင် ၂ နာရီအလိုမှာ သောက်ပေးရမှာဖြစ်ပါတယ်။
မှတ်ချက် = ဆေးမသောက်ခင်မှာ အရည်ကို သေချာမွှေပေးပါ။ ဂျင်းတွေက အနည်ထိုင်ပြီး အောက်ခြေမှာ ရောက်နေတတ်လို့ဖြစ်ပါတယ်။
ကြက်သွန်ဖြူကြောင့် ခံတွင်းနံ့ဆိုးမှာ စိတ်မပူပါနဲ့နော်။ သွေးလွှတ်ကြောကို သန့်စင်ပေးပြီး သွေးကြောပိတ်တာကို သက်သာစေမှာဖြစ်ပါတယ်။